စစ်ကောင်စီတပ် ဖမ်းဆီးထားသည့် ဖလမ်းမြို့က CDM ဝန်ထမ်း ၇ ဦးအနက် ၆ ဦးပြန်လွတ်

စစ်ကောင်စီတပ် ဖမ်းဆီးထားသည့် ဖလမ်းမြို့က CDM ဝန်ထမ်း ၇ ဦးအနက် ၆ ဦးပြန်လွတ်

ဇန်နဝါရီ ၃၁

ချင်းပြည်နယ်၊ ဖလမ်းမြို့၌ ပြီးခဲ့သည့် ဇန်နဝါရီလ ၂၅ ရက်နေ့ ညတွင် စစ်ကောင်စီတပ်က နေအိမ်မှ ဖမ်းဆီး ခေါ်ဆောင်သွားသည့် CDM ဝန်ထမ်း ခုနှစ်ဦးအနက် ခြောက်ဦးကို ပြန်လွှတ်ပေးခဲ့ပြီး တစ်ဦး ဆက်လက် ဖမ်းဆီးခံထားရဆဲ ဖြစ်ကြောင်း သိရသည်။

အကြမ်းဖက်အဖွဲ့များနှင့် ဆက်နွယ် ပတ်သက်သည်ဆိုသည့် တိုင်ကြားချက်ဖြင့် ဖမ်းဆီးခံရသည့် CDM ဝန်ထမ်း ခုနှစ်ဦးအနက် ဇန်နဝါရီ ၂၈ ရက်တွင် သုံးဦး၊ ၂၉ ရက်နေ့တွင် သုံးဦး ပြန်လွှတ်ပေး ပြီးနောက် တစ်ဦး ကျန်ရှိနေဆဲ ဖြစ်သည်။

''ဖမ်းထားတဲ့ သူတွေထဲက အခုဆိုရင် ခြောက်ယောက်ကို ပြန်လွှတ်ပေးလိုက်တာ ဖြစ်တယ်။ အဖမ်းခံရတဲ့ CDM ဝန်ထမ်းတွေက ပညာရေး၊ ကျန်းမာရေး၊ ဆက်သွယ်ရေးနှင့် ဆည်မြောင်းဌာနက ဝန်ထမ်းတွေ ဖြစ်တယ်။ သူတို့ကို ဖမ်းပြီး စစ်တာကတော့ ဖလမ်းမြို့မ ရဲစခန်းထဲမှာ စစ်တယ်လို့ သိရတယ်။ အဓိကတော့ ဘာကြောင့် CDM လုပ်တာလဲ၊ ကျောင်းတွေ မတက်ကြတာ ခင်ဗျားတို့ စနက်တွေပါလား ဆိုတဲ့ ပုံစံမျိုးတွေ မေးကြတယ်လို့ ပြောတယ်'' ဟု ဖမ်းဆီးခံရသူများနှင့် နီးစပ်သူ တစ်ဦးက ပြောသည်။

ဖလမ်းမြို့ပေါ်တွင် ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်အာဏာ သိမ်းပြီးနောက်ပိုင်း CDM ဝင်ရောက်ခဲ့သည့် ဝန်ထမ်း ၈၀၀ ကျော်ရှိပြီး၊ ချင်းဒေသ ကာကွယ်ရေး အဖွဲ့အစည်း CNO နှင့် လာရောက် ပူးပေါင်းသည့် CDM စစ်တပ်နှင့် ရဲဝန်ထမ်း ၃၀ ကျော်ရှိကြောင်း သိရသည်။ိ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly