အာဖဂန်နစ္စတန် ဂေါ်ပြည်နယ်၏ ရဲတပ်ဖွဲ့အကြီးအကဲဟောင်း ပစ်သတ်ခံရ

အာဖဂန်နစ္စတန် ဂေါ်ပြည်နယ်၏ ရဲတပ်ဖွဲ့အကြီးအကဲဟောင်း ပစ်သတ်ခံရ

အာဖဂန်နစ္စတန်နိုင်ငံ ဂေါ်ပြည်နယ် တီအိုရာ ခရိုင်၏ ရဲတပ်ဖွဲ့အကြီးအကဲဟောင်းဖြစ်သည့် ဟာဘစ်-ယူ-ရာမန် မာလစ်ခ်ဇာဒါသည် ပြီးခဲ့သည့် ဇန်နဝါရီ ၂၅ ရက်က နိုင်ငံအနောက်ပိုင်း ဟီရတ်ပြည်နယ်၌ သေနတ်သမားများ၏ ပစ်သတ်ခြင်းကို ခံခဲ့ရသည်။

မာလစ်ခ်ဇာဒါသည် အဆိုပါနေ့ မနက်ပိုင်းက ဟီရတ်မြို့ PD1 ဧရိယာရှိ ၎င်း၏ နေအိမ်အနီးတွင် ပစ်သတ်ခံလိုက်ရခြင်းဖြစ်သည်ဟု ၎င်း၏ ဆွေမျိုးများက ပြောကြောင်း Ariana News က ဖော်ပြသည်။

တာလီဘန် ထောက်လှမ်းရေးတပ်ဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးဖြစ်သည့် ဆာဘီရာ ဟီရာဝီက ထိုဖြစ်စဉ်ကို အတည်ပြုခဲ့ပြီး ကျူးလွန်သူတရားခံများသည် မာလစ်ခ်ဇာဒါကို တိုက်ခိုက်ပြီးနောက် အဆိုပါနေရာမှ ထွက်ပြေးသွားခဲ့ကြသည်ဟု ပြောခဲ့ကြောင်း Ariana News က ဖော်ပြသည်။

ယင်းတိုက်ခိုက်မှုကို မည်သည့်အဖွဲ့က လုပ်ဆောင်ကြောင်း ထုတ်ဖော်ခြင်း မရှိသေးပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly