တိဗက်ယဉ်ကျေးမှုကို ဖျက်ဆီးနေသည့် တရုတ်နှင့် တာလီဘန်တို့၏ တူညီမှုကို နှိုင်းယှဉ်ခံနေရ

တိဗက်ယဉ်ကျေးမှုကို ဖျက်ဆီးနေသည့် တရုတ်နှင့် တာလီဘန်တို့၏ တူညီမှုကို နှိုင်းယှဉ်ခံနေရ

တာလီဘန်နှင့် ရှီကျင့်ဖျင်တို့အကြား တူညီမှုကို နှိုင်းယှဉ်ပြခဲ့သည့် ဗျူဟာကျွမ်းကျင်သူ ဘရာမာချယ်လန်နီက တာလီဘန်တို့က အာဖဂန်နစ္စတန်ရှိ ဘာမီယန်ရုပ်ပွားတော်များကို ဖျက်ဆီးချိန်က ပုံစံအတိုင်း တရုတ်အာဏာပိုင်များက စီချွမ်ပြည်နယ် တိဗက်ဒေသမှ ဉာဏ်တော် ၉၉ ပေ မြင့်သော ဗုဒ္ဓဆင်းတုတော်အား ဖြိုချဖျက်ဆီးခဲ့ကြောင်း သုံးသပ်ထားသည်။

တရုတ်အာဏာပိုင်များသည် တိဗက်ဘာသာစကားကျောင်းများကို တရုတ်ဘာသာသို့ပြောင်းကာ တိဗက်လူမျိုးများကို ရှေးထုံးတမ်းစဉ်လာများနှင့် ဖြတ်တောက်လျက် တိဗက်ဘာသာ၊ ယဉ်ကျေးမှုနှင့် ဝိသေသလက္ခဏာများကို ချေမှုန်းရန် လုပ်ဆောင်နေကြောင်း Tibet press က ဖော်ပြသည်။

စီချွမ်ပြည်နယ်တွင် မကြာသေးမီက ဗုဒ္ဓရုပ်ပွားတော်များ ဖြိုချခံရမှုကို မီးမောင်းထိုးပြကာ စာရေးသူက ဘရာမာချယ်လန်နီက “တရုတ်သည် တာလီဘန်တို့၏ ခြေရာအတိုင်း လျှောက်လှမ်းနေသည်” ဟု တွစ်တာတွင် ရေးသားထားသည်။

အမေရိကန်တို့မဝင်ရောက်မီ တာလီဘန်တို့သည် ပထမဆုံး သက်တမ်းအတွင်း၌ အာဖဂန်နစ္စတန်ရှိ များစွာသော ဘာသာရေးဆိုင်ရာရှေးဟောင်းလက်ရာများဖြစ်သည့် ၆ ရာစုက တည်ဆောက်ခဲ့သော အဓိကပစ်မှတ် ဗုဒ္ဓရုပ်ပွားတော်ကြီး ၂ ဆူကို ဖျက်ဆီးခဲ့သည်။

တရုတ်နိုင်ငံသည်လည်း တိဗက်ယဉ်ကျေးမှုကို ချေမှုန်းနေပြီး တာလီဘန်တို့၏ခြေရာကို လိုက်နေကြောင်း ချယ်လန်နီက ပြောသည်။

အမေရိကန်နိုင်ငံခြားရေးဌာနက တိဗက်လူမျိုးများအတွက် အလွန်စိုးရိမ်ပူပန်မိကြောင်း ပြောကြားပြီး တိဗက်လူမျိုးများ၏ လူ့အခွင့်အရေးကို လေးစားလိုက်နာရန် တရုတ်အာဏာပိုင်များကို မေတ္တာရပ်ခံထားသည်။

တိဗက်၏သဘာဝပတ်ဝန်းကျင်အပြင် တိဗက်ရိုးရာဓလေ့ထုံးတမ်းများ၏ မူပိုင်ယဉ်ကျေးမှု၊ ဘာသာစကားနှင့် တိဗက်ရိုးရာဘာသာရေးဆိုင်ရာ ဝိသေသလက္ခဏာများကို ကာကွယ်စောင့်ရှောက်ရန်လည်း ရပ်တည်ကြောင်း အမေရိကန်နိုင်ငံခြားရေးဌာနက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly