မြစ်ကြီးနားမြို့ မီးရထားတိုင်းရုံးအနီး ပေါက်ကွဲမှုဖြစ် 

မြစ်ကြီးနားမြို့ မီးရထားတိုင်းရုံးအနီး ပေါက်ကွဲမှုဖြစ် 
ပုံစာ - ယနေ့ မနက် ပေါက်ကွဲမှုဖြစ်ခဲ့သည့် MPT Auto Telephone cabinet ပုံး

ဇန်နဝါရီလ ၂၉ ရက်

မြစ်ကြီးနားမြို့ အောင်နန်းရပ်ကွက်ရှိ မြန်မာ့မီးရထားတိုင်းရုံး (၁) အနီး၌ ယနေ့ ည ၈ နာရီခန့်တွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံက ကနဦး စုံစမ်း သိရှိရသည်။ 

လုံခြုံရေး အရ ပေါက်ကွဲမှု နောက်ဆက်တွဲ အခြေအနေများကို လတ်တလော မသိရသေးဘဲ မဇ္စျိမက စုံစမ်းနေဆဲ ဖြစ်သည်။ 

ယနေ့ နံနက် အစောပိုင်းကလည်း မြစ်ကြီးနားမြို့ မြေမြင့်ရပ်ကွက်ရှိ Asia Energy စက်သုံးဆီ အရောင်းဆိုင်ရှေ့တွင်  ပေါက်ကွဲမှု တစ်ခုဖြစ်ပွားခဲ့ပြီး ဆိုင်အနီးရှိ MPT Auto Telephone cabinet ပုံးတစ်လုံး ပျက်စီး‌ခဲ့သည်။ 

ယမန်နေ့ ည ၁၀ နာရီခန့်ကလည်း တပ်ကုန်းရပ်ကွက် ရွှေလမ်းမကြီးပေါ်တွင် လမ်းသွား လမ်းလာများကို စစ်တပ်က စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး စစ်ဆေးမှု မခံယူဘဲ ထွက်ပြေး တိမ်းရှောင်သူများကို လိုက်လံပစ်ခတ်မှု ရှိခဲ့ကြောင်း  ဒေသခံများက ပြောသည်။

ပုံစာ - ယနေ့ မနက် ပေါက်ကွဲမှုဖြစ်ခဲ့သည့် MPT Auto Telephone cabinet ပုံး။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required