မုံရွာမြို့နယ်က စစ်တပ်စခန်းချထားသည့် နေရာကို လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်

မုံရွာမြို့နယ်က စစ်တပ်စခန်းချထားသည့် နေရာကို လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်

ဇန်နဝါရီလ ၂၉ ရက်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ရွှေတောင်ဦးကုန်းတွင် အခြေချထားသည့် စစ်ကောင်စီစခန်းအား အဝေးပစ်လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ကြောင်း မုံရွာခရိုင်တပ်ရင်း (၂) Chindwin Attack Force မှ ယမန်နေ့ဇန်နဝါရီ ၂၈ရက်က ထုတ်ပြန်သည်။ 

အဆိုပါရွှေတောင်ဦး စခန်းတွင် စစ်တပ်အင်အား ၁၀၀နီးပါးခန့်ရှိပြီး ခရီးသွားလာသည့် ပြည်သူများ အား စစ်ဆေးမှုအမျိုးမျိုးပြုလုပ်၍ ဒုက္ခပေးနေသော စခန်းဖြစ်ကြောင်း ဖော်ပြထားသည်။ 

ဇန်နဝါရီလ ၂၇ရက် ည ၁၁ရီခန့်တွင် ယင်းမာပင် PDF နှင့် မုံရွာခရိုင် တပ်ရင်း(၂) အထူးကွန်မန်ဒိုတပ်ဖွဲ့ပူးပေါင်း၍ အဝေးပစ်လက်နက်ကြီး ၃လက်ဖြင့် ၁၅ ချက်ပစ်ခတ်ခဲ့ကြောင်း ဆိုသည်။ 

ပစ်ခတ်တိုက်ခိုက်မှုကြောင့် တဲနှစ်လုံးမီးလောင်သွားပြီး စစ်တပ်အထိုင်ချထားသည့် စခန်းအတွင်း အော်ဟစ်ဆူညံသံများကြားရသော်လည်း မြေပြင်အခြေအနေအရ ထိခိုက်ကျဆုံးမှုအား မသိရ‌သေးပေ။ 

ပစ်ခတ်မှုဖြစ်စဉ်အတွင်း မုံရွာခရိုင်တပ်ရင်(၂) တိုက်ခိုက်ရေးအဖွဲ့မှ ပစ်ကူထောက်ပေး ပြီး ကာကွယ်ရေးတပ်ဖွဲ့များ အန္တရာယ်ကင်းစွာဆုတ်ခွာနိုင်ခဲ့ကြောင်းဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required