ကပ်ရောဂါကာလ ဦးစားပေးအပြောင်းအလဲများကြောင့် အာဖရိကတွင် တရုတ်၏ အလားအလာ ပြောင်းပြန်ဖြစ်လာ

ကပ်ရောဂါကာလ ဦးစားပေးအပြောင်းအလဲများကြောင့် အာဖရိကတွင် တရုတ်၏ အလားအလာ ပြောင်းပြန်ဖြစ်လာ

ကိုဗစ်-၁၉ ကပ်ရောဂါ၏ ရိုက်ခတ်မှုကြောင့် တရုတ်သည် စီးပွားရေးနှေးကွေးမှုကို ရင်ဆိုင်နေရကာ အာဖရိက ရှိ ၎င်း၏ ကံကြမ္မာမှာလည်း ပြောင်းလဲလျက်ရှိသလို အမေရိကန်နှင့်ကုန်သွယ်ရေးစစ်ပွဲနှင့် အခြားအချက်များ ကြောင့် ဗျူဟာမြောက်ဦးစားပေးမှုများကိုလည်း အပြောင်းအလဲပြုလုပ်နေရကြောင်း ဆာဂျီရို ရက်စ်တယ်လီ က Inside Over တွင် ရေးသားခဲ့သည်။

တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်ရေးဖိုရမ် (FOCAC)၏အဋ္ဌမအကြိမ်မြောက် အစည်းအဝေးတွင် တရုတ်နိုင်ငံ၏ အာဖရိကမဟာဗျူဟာများ ပြောင်းလဲနေသည်ကို တွေ့မြင်နေရသည်။

ဆီနီဂေါနိုင်ငံ ဒါကာတွင် ယမန်နှစ်နိုဝင်ဘာလက ကျင်းပသော ထိပ်သီးအစည်းအဝေးသည် သမ္မတရှီ လက်ထက်က ကျင်းပခဲ့သည့် ယခင်ထိပ်သီးအစည်းအဝေး ၂ခုနှင့်မတူဘဲ ဝန်ကြီးအဆင့် အစည်းအဝေးသို့ လျှော့ချခဲ့သည်။

အာဖရိကတွင် ကိုလိုနီလက်သစ်အာဏာနှင့် အကြွေးများအဆမတန်မြင့်တက်လာခြင်းကြောင့် တရုတ်နိုင်ငံ အပေါ် ဝေဖန်မှုများရှိနေချိန်တွင် သမ္မတ ရှီကျင့်ဖျင်က အာဖရိကအပေါ် တရုတ်အစိုး ရကျောထောက်နောက်ခံပြုခြင်းကို လျှော့ချလိုက်သည်။

ထို့ပြင် တရုတ်သည် အခြေခံအဆောက်အအုံကို အခြေခံပြီး ချေးငွေအလေးပေးသည့် ချဉ်းကပ်မှုမှ ချဉ်းကပ်မှုအသစ်သို့ ရွေ့လျားနေကာ ထိုချဉ်းကပ်မှုအသစ်သည် ရှင်းရှင်းလင်းလင်းမသိရသေးသော်လည်း လာမည့် နှစ်များတွင် ထင်ရှားမြင်သာလာမည်ဖြစ်ကြောင်း ဆာဂျီရို ရက်စ်တယ်လီက Inside Over တွင် ရေးသားခဲ့သည်။

FOCAC ဖွဲ့စည်းပြီးကတည်းက အာဖရိကနှင့် တရုတ်နိုင်ငံ၏ ဆက်ဆံရေးသည် နှစ်နိုင်ငံအကြား အဆင့်မြင့်အရာရှိများ၏ လည်ပတ်မှုခရီးစဉ်များနှင့်အတူ ကဏ္ဍအသီးသီးတွင် ချဲ့ထွင်လုပ်ဆောင်လာခဲ့သည်။ ၂၀၂၀ ခုနှစ်တွင် ကုန်သွယ်မှုပမာဏသည် အမေရိကန်ဒေါ်လာ ၁၈၇ ဘီလီယံအထိ တိုးမြင့်လာပြီး ရင်းနှီးမြှုပ်နှံမှုများမှာလည်း အမေရိကန်ဒေါ်လာ ၂ ဒသမ ၉ ဘီလီယံခန့်အထိ တိုးတက်ခဲ့သည်။

သို့သော် ချေးငွေပေးချေမှု ပျက်ကွက်ချိန်တွင် အာဖရိကရှိ မဟာဗျူဟာမြောက်ပိုင်ဆိုင်မှုများကို တရုတ်က သိမ်းယူခြင်းကဲ့သို့သော ကြွေးမြီထောင်ချောက် သံခင်းတမန်ခင်းနှင့် ဆက်စပ်သော ကုန်သွယ်လိုငွေပြမှုနှင့် အငြင်းပွားမှုများကြောင့် ဆက်ဆံရေးကို ထိခိုက်စေခဲ့သည်။

တရုတ်အစိုးရသည် FOCAC ဖွဲ့စည်းအပြီး နှစ်ပေါင်း ၂၀ ကြာမျှ အာဖရိက၏ အခြေခံအဆောက်အအုံအတွက် ထောက်ပံ့ငွေ အဆက်မပြတ် တိုးမြှင့်ခဲ့သည်။သမ္မတ ဟူကျင်တောင်လက်ထက် ၂၀၀၆ ခုနှစ်တွင် တရုတ်နိုင်ငံသည် အမေရိကန်ဒေါ်လာ ၅ ဘီလီယံ တိုးမြင့်ခဲ့ပြီး သမ္မတရှီလက်ထက်တွင် ခါးပတ်လမ်းရပ်ဝန်း (BRI) အောက်ရှိ လုပ်ငန်းများနှင့် စီမံကိန်းများတွင် အကြီးအကျယ်တိုးချဲ့ကာ ထောက်ပံ့မှု ၂ဆတိုးခဲ့ကြောင်း ဆာဂျီရိုရက်စတယ်လီက Inside Over တွင် ရေးသားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly