ဂျမူးနှင့် ကက်ရှ်မီးယားဒေသ ဖွံ့ဖြိုးရေးသည် ဝန်ကြီးချုပ် မိုဒီ၏ ဦးစားပေး အစီအစဉ်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးပြောကြား

By Republicworld.com
28 January 2022
ဂျမူးနှင့် ကက်ရှ်မီးယားဒေသ ဖွံ့ဖြိုးရေးသည် ဝန်ကြီးချုပ် မိုဒီ၏ ဦးစားပေး အစီအစဉ်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးပြောကြား

ဝန်ကြီးချုပ် နာရင်ဒရာမိုဒီ ၂၀၁၄ ခုနှစ်တွင် အာဏာရရှိပြီးနောက် အိနိ္ဒယနိုင်ငံ၏ ဂျမူးနှင့် ကက်ရှ်မီးယားဒေသ ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်များကို လုပ်ဆောင်ခဲ့ကာ ယင်းဒေသကို ပြည်ထောင်စုနယ်မြေအဖြစ် ထူထောင်ရေးသည် ၎င်း၏ ဦးစားပေးအစီအစဉ်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးတစ်ဦးဖြစ်သည့် ဂျီတင်ဒြာဆင်းက ဇန်နဝါရီ ၂၂ ရက်တွင် ပြောကြားလိုက်သည်။

ဂျမူးနှင့် ကက်ရှ်မီးယားဒေသတွင် ကောင်းမွန်သော ခရိုင်အုပ်ချုပ်မှု ညွှန်ကိန်း(DGGI) အစီအစဉ် စတင်သည့် အခမ်းအနား၌ ပါဝင်ခဲ့ပြီးနောက် ဝန်ကြီးက သတင်းထောက်များကို ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ ဝန်ကြီးချုပ်မိုဒီ ၂၀၁၄ ခုနှစ်တွင် အာဏာရရှိပြီးချိန်မှစ၍ ယခုချိန်အထိ ပြုပြင်ပြောင်းလဲရေး၊ အသွင်ကူးပြောင်း လုပ်ငန်းစဉ်များကြောင့် အုပ်ချုပ်ရေးအဖွဲ့ကို တိုးတက်စေသည်သာမက သာမန်ပြည်သူတွေဘဝကို နားလည်နိုင်ဖို့ ရည်ရွယ်ချက်တွေ အောင်မြင်ခဲ့ပါတယ်” ဟု ပြောကြားသည်။

ဂျမူးနှင့် ကက်ရှ်မီးယားကို ဝန်ကြီးချု့ပ် မိုဒီ၏ ဦးစာပေး အစီအစဉ် ပေးခြင်းနှင့် ပတ်သက်၍လည်း ဆင်းက “ဂျမူးနှင့် ကက်ရှ်မီးယားဒေသက အရေးကြီးအဖြစ် သတ်မှတ်ထားပြီး ယခင်က မလုပ်ဆောင်နိုင်ခဲ့တဲ့ ကောင်းမွန်တဲ့ အုပ်ချုပ်ရေးကို ရရှိစေနိုင်မှာ ဖြစ်ပါတယ်” ဟုလည်း ပြောကြားသည်။

ဖွင့်ပွဲအခမ်းအနားတွင် ပြည်ထဲရေး ပြည်ထောင်စုဝန်ကြီး အာမစ်ရှာဟာက ဝန်ကြိးချုပ်သည် ပြည်ထောင်စုနယ်မြေများ၊ ပြည်ထောင်စုနယ်မြေများ ဖွံ့ဖြိုးရေးကို အဓိက လုပ်ဆောင်ခဲ့သည်။

“ဂျမူးနှင့် ကက်ရှိမီးယားတွင် အသက် ၁ နှစ်မှ ၅ နှစ်အတွင်း ကလေးငယ်များသည် အစိုးရက ပံ့ပိုးပေးထားသည့် အစီအစဉ်များအတိုင်း ပံ့ပိုးသွားမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly