အသံတိတ်သပိတ် ပြုလုပ်မည့်ရက်တွင် ဆိုင်များပိတ်ထားပါက ဖမ်းဆီးမည်ဟု စစ်ကောင်စီ ခြိမ်းခြောက်

အသံတိတ်သပိတ် ပြုလုပ်မည့်ရက်တွင် ဆိုင်များပိတ်ထားပါက ဖမ်းဆီးမည်ဟု စစ်ကောင်စီ ခြိမ်းခြောက်

ဇန်နဝါရီ ၂၆

စစ်အာဏာသိမ်းမှု တစ်နှစ်ပြည့် အသံတိတ်သပိတ် ပြုလုပ်မည့် ဖေဖော်ဝါရီ ၁ ရက်နေ့တွင် ဈေးဆိုင်များ ပိတ်ထားပါက ဖမ်းဆီးမည်ဟု ရှမ်းပြည်နယ် တောင်ပိုင်း မြို့နှစ်မြို့တွင် စစ်ကောင်တပ်များက လိုက်လံ ခြိမ်းခြာက်နေကြာင်း ဒေသတွင်း သတင်းအရင်းအမြစ် အချို့က မဇ္ဈိမကို ပြောသည်။

ရှမ်းပြည်နယ် တောင်ကြီးမြို့နှင့် ရပ်စောက်မြို့တို့တွင် ယနေ့ ဇန်နဝါရီလ ၂၆ ရက် မနက်ပိုင်းက စစ်ကောင်စီ လက်အောက်ခံ တပ်ဖွဲ့များက စားသောက်ဆိုင်များအစ ကွမ်းယာဆိုင်များအဆုံး ဆိုင်များမပိတ်ရန် လိုက်လံ ပြောဆိုနေပြီး လက်မှတ် ထိုးခိုင်းနေသည်ဟု သိရသည်။

“ဖေဖော်ဝါရီ ၁ ရက်နေ့ ရောက်ရင် ဆိုင်မပိတ်ဖို့ ဆိုပြီး စားသောက်ဆိုင်တွေ ကွမ်းယာဆိုင်တွေကော အကုန် လက်မှတ်ထိုးခိုင်း နေတယ်။ ဆိုင်ပိတ်ရင် ဖမ်းမယ်ဆိုပြီး ခြိမ်းခြောက်သွားတယ်။ တောင်ကြီးမြို့မှာ အရင်တစ်ခေါက် ပိတ်လို့ အရေးယူခံထားရတဲ့ ဆိုင်တွေကိုလည်း ထပ်ပြီး ပြောသွားတယ်။ ဖမ်းခံရမယ်။ ဒဏ်ငွေပါ ရိုက်မယ်လို့ ပြောသွားတယ်” ဟု တောင်ကြီးမြို့ခံ တစ်ဦးက ဆိုသည်။

လာမည့် ဖေဖော်ဝါရီ ၁ ရက်နေ့တွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း “ပြည်တော်ဝင်ဖို့ ရုန်းကြစို့” ဟု အမည်ပေးထားသည့် အသံတိတ်သပိတ် (Silent Strike) ကို နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအထိ ပြုလုပ်မည် ဖြစ်သည်။

ယင်းအပြင် ညနေ ၄ နာရီ အချိန်တွင် လက်ခုပ်တီးသပိတ် (အသံထွက် သပိတ်) ကိုပါ တစ်ဆက်တည်း ပြုလုပ်ရန်ရှိနေပြီး လက်ခုပ်တီးခြင်း၊ ကားဟွန်းတီးခြင်းနှင့် သံပုံးတီးခြင်းတို့ပါ ပြုလုပ်ရန် တော်လှန်ရေး အင်အားစုများက တိုက်တွန်းထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly