တရုတ်က လူမှုမီဒီယာတွင် အကောင့်အတု ၄၀ဝ ကျော်ဖြင့် ထိုင်ဝမ်ကို တိုက်ခိုက်နေ

By Taipei Times
26 January 2022
တရုတ်က လူမှုမီဒီယာတွင် အကောင့်အတု ၄၀ဝ ကျော်ဖြင့် ထိုင်ဝမ်ကို တိုက်ခိုက်နေ

တရုတ်က လူမှုမီဒီယာတွင် ထိုင်ဝမ်ကို ပစ်မှတ်ထားရည်ရွယ်သည့် အကောင့်အတု ၄၀ဝ ကျော်ဖြင့် လုပ်ကြံသတင်းလွှင့်မှုများ ပြုလုပ်နေသည်ဟု စုံစမ်းစစ်ဆေးရေးဗျူရိုက ဇန်နဝါရီ ၂၁ရက်တွင် ပြောကြားလိုက် သည်။

ထိုင်ဝမ်အစိုးရကို လူအများ၏ ယုံကြည်မှုကို ချိုးဖျက်ရန်၊ လူ့အဖွဲ့အစည်း မတည်မငြိမ်ဖြစ်စေရန်နှင့် ရွေးကောက် ပွဲတွင် ဝင်ရောက်စွက်ဖက်ရေးအတွက် ထိုင်ဝမ်လူမျိုးများကြားတွင် ရေပန်းစားနေသည့်

လူမှုမီဒီယာများ၊ အင်တာနက်ဖိုရမ်များနှင့် အွန်လိုင်းစကားပြောခန်းများကို ထိုးဖောက်ဝင်ရန် ကြိုးပမ်းနေကြောင်း စုံစမ်းစစ်ဆေးရေး ဗျူရိုက ပြောကြားသည်။

၂၀၂၀ပြည့်နှစ် ဧပြီလတွင် အကောင့်အတုများနှင့် မမှန်မကန်သတင်းများကို တရုတ်အကြောင်းအရာဖန်တီး သည့်ကုမ္ပဏီများကို စတင်ခြေရာခံပြီးကတည်းက သတင်းနှင့် ဆက်သွယ်ရေး လုံခြုံရေးဌာနခွဲမှ အဆိုပါအမှုပေါင်း ၂၇၇၃ ခုကို စုံစမ်းစစ်ဆေးခဲ့ကြောင်း ဗျူရိုက ပြောကြားခဲ့သည်။

သံသယရှိသူများအဖြစ် လူပေါင်း ၂၃၄ ဦးကို စာရင်းပြုစုထားသည့်အနက် အမှုပေါင်း ၁၇၄ ခုကို အစိုးရရှေ့နေ များထံ လွှဲပြောင်းပေးခဲ့ကြောင်း ဗျူရိုက ထပ်လောင်း ပြောကြားခဲ့သည်။

ထိုင်ဝမ်ပြင်ပတွင် မှတ်ပုံတင်ထားသည့် မိုဘိုင်းဖုန်းနံပါတ်များ၊ နိုင်ငံခြားဝန်ဆောင်မှုပေးသူများနှင့် အီးမေးလ် လိပ်စာများကို အသုံးပြုကာ ထိုင်ဝမ်လူမျိုးများကြားတွင် ရေပန်းစားသည့် ဖိုရမ်တစ်ခုဖြစ်သည့် CK101.com တွင် တရုတ်နိုင်ငံမှ အကောင့် ၂၀ ထိုးဖောက်ဝင်ရောက်ထားခဲ့သည်ကို တွေ့ရှိရကြောင်း စုံစမ်းစစ်ဆေးမှုတွင် ပါဝင်သည့် တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ထိုင်ဝမ်တွင် လူကြိုက်အများဆုံး အွန်လိုင်းပလက်ဖောင်းဖြစ်သည့် People's Technology Temple (PTT) တွင် တရုတ်အကောင့်များက ပို့စ်များကို ပြောင်းလဲရေးသားမှုများ ပြုလုပ်ခဲ့ကြောင်း ဗျူရိုက ဖော်ထုတ် တွေ့ရှိခဲ့သည်။

ယင်းကဲ့သို့သော ပို့စ်များကို Facebook နှင့် တရုတ် မိုက်ခရိုဘလော့ဂ်ဆိုက်များမှတဆင့် ထပ်မံ ဖြန့်ဝေခဲ့သည် ဟု တာဝန်ရှိသူက ပြောကြားသည်။

အဆိုပါ အကောင့်များသည် ဖျော်ဖြေရေး၊ နေ့စဉ်ကိစ္စများနှင့် ဘာသာရေး စသည့် အကြောင်းအရာများကို အာရုံစိုက်ကာ သတင်းအတုများနှင့် မဟုတ်မမှန် လုပ်ကြံမှုများ ပြန်လည်လွှင့်တင်ခြင်းဖြင့် ထိုင်ဝမ်လူမျိုးများကို ပစ်မှတ်ထားကြောင်း ၎င်းတို့က ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly