ဘိုကလေးမြို့နယ် မလော့ကျေးရွာ အုပ်ချုပ်ရေးမှူး‌ နေအိမ် ဗုံးပေါက်ကွဲ

ဘိုကလေးမြို့နယ် မလော့ကျေးရွာ အုပ်ချုပ်ရေးမှူး‌ နေအိမ် ဗုံးပေါက်ကွဲ

ဇန်နဝါရီလ ၂၅ ရက်

ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်၊ မလော့ကျေးရွာ အုပ်ချုပ်ရေးမှူး ကိုဆန်းဦး ဆိုသူ၏ နေအိမ်တွင် ဇန်နဝါရီလ ၂၄ ရက်နေ့ ည ၁၁ နာရီကျော်ခန့်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံက သိရသည်။

အဆိုပါ ဖောက်ခွဲမှုကို ဗိုလ်ကလေး PDF အဖွဲ့နှင့် ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့များ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ဒေသခံများအား နည်းမျိုးစုံ ဖိအားပေး ခြိမ်းခြောက်နေသည့်အတွက် ဖောက်ခွဲခဲ့ခြင်းဖြစ်ကြောင်း ဗိုလ်ကလေး PDF အဖွဲ့ တာဝန်ရှိသူ တစ်ဦးကပြောသည်။

"ကိုဆန်းဦးက စိုက်ဘဏ်ချေးငွေမဆပ်ရင် လယ်သိမ်းမယ်၊ ကိုဗစ်ကာ ကွယ်ဆေးမထိုးရင် တရားစွဲမယ်ဆိုပြီး ရွာသူရွာသားတွေတွေကို ခြိမ်းခြောက်နေတာပါ၊ ပြီးတော့ကျောင်းသားတွေနဲ့ ကျောင်းဆရာ၊ ဆရာမတွေကိုလည်း ကျောင်းတက်ရမယ်လို့ ဖိအားပေးပြောဆိုတာတွေ လုပ်ဆောင်နေလို့ သတိပေး ဖောက်ခွဲခဲ့တာပါ၊ နောက်နောင်ကို ဘယ်သူ့ကိုမှ အခုလို သတိပေးတာမျိုးလုပ်မှာ မဟုတ်တော့ပါဘူး" ဟု၎င်းကဆို သည်။

ဗုံးပေါက်ကွဲမှု ဖြစ်ပြီးနောက် စစ်ကောင်စီတပ်များနှင့် ရဲများက မလော့ကျေးရွာအုပ်ချုပ်ရေးမှူးအိမ်အနီး စစ်ဆေးမှုများပြုလုပ်ခဲ့သည်ဟု သိရပြီးမတရားဖမ်းဆီးမှုများပြုလုပ်လာနိုင်သည့်အတွက် ပြည်သူများအနေဖြင့် သတိထား နေထိုင်ကြရန် ဗိုလ်ကလေး PDF အဖွဲ့ တာဝန်ရှိသူက ပြောသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required