နယူးဒေလီ၊ ဇန်နဝါရီ - ၁၂ ။ ။ လက်နက်ခဲယမ်းများ သယ်ဆောင်ပြီး အိန္ဒိယရေပိုင်နက်ထဲသို့ တရားမဝင် ဝင်ရောက်လာသည့်အတွက် အမေရိကန်သင်္ဘောမှ အမှုထမ်းအဖွဲ့တစ်ဖွဲ့ကို အိန္ဒိယ တရားရုံးတစ်ခုက ထောင်၅နှစ် ပြစ်ဒဏ်ချမှတ်ခဲ့သည်ဟု ဆိုသည်။
အဆိုပါ ထောင်ချခံရသည့် ၃၅ယောက် အမှုထမ်းအဖွဲ့တွင် ဗြိတိန်၊ ယူကရိန်းနှင့် အက်စတိုးနီးယားနိုင်ငံသားများအပြင် အိန္ဒိယနိုင်ငံသား ၁၂ယောက်လည်း ပါဝင်နေသည်ဟု Press Trust of India သတင်းအေဂျင်စီက ပြောကြားခဲ့သည်။
MV Seaman Guard Ohio သင်္ဘောမှာ ၂၀၁၃ခုနှစ် အောက်တိုဘာလက တောင်ပိုင်း တမီလ် နာဒူးပြည်နယ်ကမ်းလွန်တွင် အိန္ဒိယကမ်းခြေစောင့်တပ်နှင့် ဆုံမိရာမှ အမှုထမ်းများကို ဖမ်းဆီးခဲ့ခြင်းပင် ဖြစ်သည်။
ထိုအမှုထမ်းအဖွဲ့ကို ၂၀၁၄ခုနှစ် မတ်လကတည်းက အာမခံဖြင့် လွှတ်ထားပေးခဲ့သည်။ အမှုထမ်းများအနေဖြင့် ပြစ်ဒဏ်ကို အယူခံဝင်နိုင်ခွင့် ရှိသည်ဟု ဆိုသည်။
ထိုသင်္ဘောကို ဗာဂျီးနီးယားအခြေစိုက် လုံခြုံရေးကုမ္ပဏီ AdvanFortက ပိုင်ဆိုင်ခြင်းဖြစ်ပြီး ဆီရာရာလီရုန်းတွင် မှတ်ပုံတင်ထားသည်ဟု ဆိုသည်။ AdvanFortကမူ စွဲချက်များကို ငြင်းဆန်ထားသည်။