ဟောင်ကောင်၏ အတုအယောင် ရွေးကောက်ပွဲ ရလဒ်များကြောင့် အနောက်နိုင်ငံများက တရုတ်ကို ပြစ်တင်ရှုတ်ချ

By ANI 20 (ANI):
25 January 2022
ဟောင်ကောင်၏ အတုအယောင် ရွေးကောက်ပွဲ ရလဒ်များကြောင့် အနောက်နိုင်ငံများက တရုတ်ကို ပြစ်တင်ရှုတ်ချ

အမေရိကန်နှင့် ဗြိတိန် အပါအဝင် အနောက်ဒီမိုကရေစီနိုင်ငံများက ဥပဒေပြုကောင်စီတွင် နေရာ ၉၀ ရှိသည့် အနက် အတိုက်အခံ ၁ ဦးသာ နေရာ ရရှိသည့် ဟောင်ကောင် ရွေးကောက်ပွဲ ရလဒ် အပေါ် စိုးရိမ်ကြောင်း ပြောဆိုထားသည်။

ဒီဇင်ဘာ ၁၉ ရက်တွင် ကျင်းပခဲ့သည့် ဟောင်ကောင်ဥပဒေပြုကောင်စီ (LegCo) ရွေးကောက်ပွဲသည် ဒီမိုကရေစီကို ပျက်ရယ်ပြုမှုမျှသာဖြစ်ကြောင်း ဝါရှင်တန်တိုင်းမ် သတင်းစာတွင် ကျန်းလီယန်က ရေးသား ဖော်ပြခဲ့သည်။

ဟောင်ကောင်မဲဆန္ဒရှင်များ၏ ၃၀ ရာခိုင်နှုန်းခန့်သာ အတုအယောင် ရွေးကောက်ပွဲတွင် မဲပေးခဲ့ကြပြီး အလယ် အလတ်နှင့် တစ်သီးပုဂ္ဂလများကို အနိုင်ယူကာ တရုတ်လိုလားသော ကိုယ်စားလှယ်လောင်းများသည် မဲအသာစီးဖြင့် အနိုင်ရခဲ့ပြီး ဥပဒေပြုကောင်စီ အမတ်နေရာ ၉၀ တွင် အတိုက်အခံ ၁ ဦးသာ အမတ်နေရာရခဲ့သည်။

ဥပမာ တိဘက်တွင် တရုတ်က တရုတ်ကွန်မြူနစ်စရိုက်လက္ခဏာများ ပါဝင်သည့် ဗုဒ္ဓဘာသာ ဖွံ့ဖြိုးတိုးတက် ရေးကို လုပ်ဆောင်လာသည်။

အထူးအုပ်ချုပ်ခွင့်ရကျွန်းနယ်မြေရှိ ဥပဒေပြုကောင်စီ (LegCo) အတွက် ရွေးကောက်ပွဲကျင်းပသည့်အချိန်နှင့် တိုက်ဆိုင်နေကာ ဟောင်ကောင်တွင် တရုတ်က "ဟောင်ကောင်၏အခြေအနေနှင့် ကိုက်ညီသော ဒီမိုကရေစီကို မြှင့်တင်လိုသည်" ဟု ယန်က ပြောကြားခဲ့သည်။

လက်တွေ့တွင် ယင်းသို့ လုပ်ဆောင်ခြင်းသည် သမားရိုးကျ ဒီမိုကရေစီ အယူအဆကို ကပြောင်းကပြန် ဖြစ်သွားစေသည်ဟု ယန်က ဆက်လက်ရှင်းပြခဲ့သည်။

ဟောင်ကောင်ပြည်သူများ နှစ်သက်ရာ ကိုယ်စားလှယ်လောင်းများ အမည်စာရင်းတင်သွင်းခွင့်ကို ငြင်းပယ်ပြီး တရုတ်ကွန်မြူနစ်ပါတီ၏ သစ္စာခံ “မျိုးချစ်များ” ဖြင့်သာ LegCo အား ဖွဲ့စည်းခဲ့သည်။

အနောက်ဒီမိုကရေစီနိုင်ငံများဖြစ်သည့် သြစတြေးလျ၊ ကနေဒါ၊ နယူးဇီလန်၊ ဗြိတိန်နှင့် အမေရိကန်တို့သည် ဟောင်ကောင်၏ ရွေးကောက်ပွဲ ရလဒ်အပေါ် စိုးရိမ်ကြောင်း ထုတ်ဖော်ပြောဆိုကြပြီး ယခင်က ဗြိတိန်ပိုင်နက် ဖြစ်သော ဟောင်ကောင်တွင် ပြည်သူများသည် လစ်ဘရယ်ဒီမိုကရေစီ ဓလေ့ထုံးတမ်းများကို ကျင့်သုံးခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly