ဟောင်ကောင်သတင်းလွတ်လပ်ခွင့်အား တရုတ်အစိုးရ၏ ဖိနှိပ်မှုအပေါ် ဥရောပပါလီမန်တွင် မဲခွဲ ရှုတ်ချ

ဟောင်ကောင်သတင်းလွတ်လပ်ခွင့်အား တရုတ်အစိုးရ၏ ဖိနှိပ်မှုအပေါ် ဥရောပပါလီမန်တွင် မဲခွဲ ရှုတ်ချ

ဟောင်ကောင်၏ သတင်းလွတ်လပ်ခွင့်အပေါ် တရုတ်အစိုးရ၏ ဖိနှိပ်မှုကို ပြစ်တင်ရှုတ်ချသည့် ဆုံးဖြတ်ချက် တစ်ရပ်အား ဥရောပပါလီမန်အမတ်များ (MEP) က ဇန်နဝါရီလ ၂၀ရက်တွင် မဲခွဲဆုံးဖြတ်ခဲ့ကြသည်။

ထောက်ခံမဲ ၅၈၅ မဲ၊ ကန့်ကွက်မဲ ၄၆ မဲနှင့် ကြားနေမဲ ၄၁ မဲဖြင့် အတည်ပြုခဲ့သည့် ဆုံးဖြတ်ချက်သည် ဟောင်ကောင်မှ ထွက်ပြေးလာသူများကို ထောက်ပံ့ပေးမည့် အစီအစဉ်များ ပံ့ပိုးပေးရန်နှင့် ဖိနှိပ်မှုတွင် တာဝန်ရှိသည့် အရာရှိများကို ပိတ်ဆို့အရေးယူရန် ဥရောပသမဂ္ဂ (EU)ကို တောင်းဆိုထားသည်။

“လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ လွတ်လပ်စွာ အသင်းအဖွဲ့နှင့် သတင်းလွတ်လပ်ခွင့်အပေါ် ပြင်းထန်စွာ ကန့်သတ်ချုပ်ချယ်မှု အပါအဝင် ဟောင်ကောင်တွင် လူ့အခွင့်အရေး ယိုယွင်းမှုကို အပြင်းထန်ဆုံး ရှုတ်ချကြောင်း ဥရောပပါလီမန်အမတ်များ (MEP) က ဟောင်ကောင်အစိုးရအား တောင်းဆိုထားသည်။ မကြာသေးမီနှစ်များအတွင်း ဖမ်းဆီးခံခဲ့ရသော နိုင်ငံရေးအကျဉ်းသားများနှင့် ငြိမ်းချမ်းစွာဆန္ဒပြသူများကို

စွဲချက်တင်ထားမှုများကို ပယ်ဖျက်ပေးရန်လည်း ဥရောပပါလီမန်အမတ်များ (MEP) က တောင်းဆိုထားသည်” ဟု ဆုံးဖြတ်ချက်တွင် ဖော်ပြထားသည်။

တရုတ်က ထိန်းချုပ်ထားသော ဟောင်ကောင်အစိုးရ၏ အမျိုးသားလုံခြုံရေးဥပဒေအား အကောင်အထည် ဖော်မှုသည် ဟောင်ကောင်၏ နိုင်ငံရေးပတ်ဝန်းကျင်ကို လွန်ခဲ့သည့်နှစ်အတွင်း မတည်မငြိမ်ဖြစ်စေ ခဲ့ကြောင်း မီဒီယာအများအပြားက ဖော်ပြခဲ့သည်။

ယခုအခါ ဟောင်ကောင်အာဏာပိုင်များသည် နိုင်ငံရေးတွင် ပါဝင်မှုကို အဖျက်အမှောင့်အဖြစ် ရှုမြင်ထားပြီး အာဏာပိုင်များသည် ဥပဒေအသစ်အရ လူဦးရေ၏ ကျယ်ပြန့်သော အစိတ်အပိုင်းကို ပိုမိုပစ်မှတ်ထားနေသည်။

တရုတ်၏ နိုင်ငံတကာကတိကဝတ်များနှင့် တာဝန်ဝတ္တရားများကို ချိုးဖောက်သည်ဟု ယူဆသောကြောင့် အမျိုးသားလုံခြုံရေးဥပဒေကို ရုပ်သိမ်းရန် ဥရောပလွှတ်တော်အမတ်များက တရုတ်အာဏာပိုင်များကို တိုက်တွန်းထားသည်။

တရုတ်အစိုးရက အာဏာရှင်စနစ်အား ပြည်တွင်းပြည်ပတွင် တရားဝင်ဖြစ်စေရန် တိုးမြှင့်ကြိုးပမ်းမှုများကို သတိပြုမိကြောင်း၊ တစ်နိုင်ငံစနစ်နှစ်မျိုး မူဝါဒအရ ဟောင်ကောင်နှင့် မကာအိုအာဏာပိုင်များအား တရားဥပဒေ စိုးမိုးရေး၊ လူ့အခွင့်အရေး၊ ဒီမိုကရေစီအခြေခံများနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်အများအပြားရရှိထားခြင်းကို အပြည့်အဝလေးစားရန် ဥရောပပါလီမန်အမတ်များ (MEP) က တောင်းဆိုထားသည်။

ဟောင်ကောင်ရွေးကောက်ပွဲဥပဒေအား မကြာသေးမီက ပြင်ဆင်မှုများနှင့် ယင်း၏ ဒီမိုကရေစီလိုလားသော အတိုက်အခံ ကိုယ်စားလှယ်များကို ဖမ်းဆီးခြင်းနှင့် နှောင့်ယှက်ခြင်းတို့အတွက် လွန်စွာစိတ်မကောင်းဖြစ်မိ ကြောင်း ၎င်းတို့က ဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly