အိန္ဒိယနိုင်ငံသားတစ်ဦးကို နယ်စပ်တွင် ဖမ်းဆီးထားခြင်းနှင့် ပတ်သက်၍ တရုတ်က ပြတ်သားသည့် အဖြေမပေးသေး

အိန္ဒိယနိုင်ငံသားတစ်ဦးကို နယ်စပ်တွင် ဖမ်းဆီးထားခြင်းနှင့် ပတ်သက်၍ တရုတ်က ပြတ်သားသည့် အဖြေမပေးသေး

တရုတ်စစ်တပ်က အာရွန်နာချယ်ပရာဒေ့ရှ်ဒေသမှ ဆယ်ကျော်သက် လူငယ်တစ်ဦး ဖမ်းဆီးထားသည်ဆိုသော သတင်းနှင့် ပတ်သက်၍ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ရှင်းလင်းပြတ်သားသည့် အဖြေမပေးသေးဘဲ စစ်တပ်အနေဖြင့် နယ်စပ်တွင် တရားမဝင် ကူးသန်းမှုများကို နှိမ်နှင်းမှုများ လုပ်ဆောင်နေကြောင်း ပြောကြားလိုက်သည်။

“တရုတ်စစ်တပ်အနေဖြင့် ဥပဒေအရ နယ်စပ်ကို ထိန်းချုပ်ခြင်းနှင့် နယ်စပ်တွင် တရားမဝင် ဖြတ်သန်းသွားလာမှုများကို နှိမ်နှင်းခြင်းဖြစ်သည်” ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်ကို ကိုးကား၍ Global Times သတင်းစာတွင် ဖော်ပြထားသည်။

အာရွန်နာချယ်ပရာဒေ့ရှ်မှ ဆယ်ကျော်သက်တစ်ဦး ပြန်ပေးဆွဲခံရခြင်းအကြောင်းအား အိန္ဒိယ မီဒီယာများတွင် ဖော်ပြခဲ့သည့် သတင်းများကို ရည်ညွှန်းကား တရုတ်သတင်းစာက ရေးသားခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ဒေသအား တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ‘ကျန်နန်း’ ဒေသအဖြစ် ခေါ်ဝေါ်သုံးစွဲသည်။

ဖမ်းဆီးသွားသည်ဆိုသည့် အဆိုပါ လူငယ်ကို ပြန်လည်ရရှိရန် အိန္ဒိယစစ်တပ်က တရုတ်စစ်တပ်ထံမှ အကူအညီတောင်းခံထားသည်။

“အာရွန်ပရာချယ်ဒေသ ဇီဒိုမြို့က အသက် ၁၇ နှစ်အရွယ် မီရမ်တာရွန်ကို တရုတ်စစ်တပ်က နယ်စပ်ထိန်းချုပ်စည်းနားမှ ဖမ်းဆီးသွားကြောင်း သိရပါတယ်။ အိန္ဒိယစစ်တပ်က တရုပ်စစ်တပ်ကို ချက်ခြင်းပဲ အရေးပေါ်ဖုန်းလိုင်းကနေဆက်သွယ်ပြီး စည်းမျဉ်းစည်းကမ်းများနဲ့အညီ ပြန်လွှတ်ပေးဖို့ အကူအညီတောင်းခဲ့ထားပါတယ်” ဟု ကာကွယ်ရေးဝန်ကြီးဌာန၏ ပြည်သူ့ဆက်ဆံရေးအရာရှိက တွစ်တာတွင် ဇန်နဝါရီ ၂၀ ရက်က ရေးသားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required