ပုလဲမြို့နယ်တွင် ပျူစောထီး သင်တန်းတက်ရန် လိုက်လံစည်းရုံးသူ ပစ်ခတ်ခံရ၍ သေဆုံး

ပုလဲမြို့နယ်တွင် ပျူစောထီး သင်တန်းတက်ရန် လိုက်လံစည်းရုံးသူ ပစ်ခတ်ခံရ၍ သေဆုံး

ဇန်နဝါရိ ၂၃

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်တွင် ပျူစောထီးသင်တန်းတက်ရန် လိုက်လံစည်းရုံးသူ အင်မထီးရွာသား ကိုဆန်းနိုင်ဝင်းဆိုသူသည် ဇန်နဝါရီလ ၂၂ရက် ည ၉ နာရီခန့်တွင် ပစ်ခတ်ခံရ၍ သေဆုံးသွားကြောင်း ဒေသခံထံက သိရသည်။

"ဒီကောင်က ပုလဲနယ်ရယ်၊ မြိုင်နယ်ထဲက ရွာတွေကို လိုက်ပြီး ပျူစောထီးသင်တန်းတက်ဖို့ စည်းရုံးနေတာ၊ သူ့ကို ပုလဲနယ်နဲ့ မြိုင်နယ်အစပ်မှာပဲ သတ်လိုက်တာ"ဟု အမည်မဖော်လိုသည့် ပြောက်ကျားအဖွဲ့ဝင် တစ်ဦးက ပြောသည်။

ဇန်နဝါရီလ ၂၁ ရက်တွင် ပုလဲမြို့နယ်အတွင်းရှိ ဒေသခံပြောက်ကျားအဖွဲ့များက ပုလဲမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီ လက်ပါးစေ ပျူစောထီးသင်တန်း တက်ရောက်လိုသူများကို “အသက်ကိုတန်ဖိုးထားလျှင် မလုပ်ခင်က ကြိုတင်စဉ်းစားကြရန်” ဟုဆိုကာ အသိပေး ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly