စစ်ကောင်စီတပ်မှ တပ်ကြပ် လက်နက်အပြည့်အစုံဖြင့် PDF ဖြင့်ပူးပေါင်း၊ စကစကိုပြန်တိုက်မည်

စစ်ကောင်စီတပ်မှ တပ်ကြပ် လက်နက်အပြည့်အစုံဖြင့် PDF ဖြင့်ပူးပေါင်း၊ စကစကိုပြန်တိုက်မည်

ဇန်နဝါရီ ၂၂

စစ်ကောင်စီတပ်မှ တပ်ကြပ်ရာထူးရှိ တပ်သားတစ်ဦးသည် ကရင်နီပြည်နယ် ဖရူဆိုမြို့ရှိ ပြည်သူ့ကာကွယ်ရေးတပ် (PDF) ထံ လက်နက်နှင့်အတူ ယနေ့ဝင်ရောက်ပူးပေါင်းလာပြီး စစ်ကောင်စီတပ်ကိုပြန်တိုက်မည်ဟု သတင်းရရှိသည်။

ဖရူဆိုမြို့နယ် အခြေစိုက် စစ်ကောင်စီတပ်ရင်းတစ်ခုမှ အသက် ၄၉နှစ်အရွယ်ရှိ တပ်ကြပ်သည် သေနတ်တစ်လက်၊ ကျည် ၁၀၁ တောင့်၊ကျည်အိမ် လေးခု ၊လက်ပစ်ဗုံး သုံးလုံးဖြင့် CDM ဝင်ရောက်လာခဲ့ခြင်းဖြစ်သည်။

တော်လှန်ရေးဘက်ကူးပြောင်းလာသော တပ်ကြပ်သည် “စကစ တပ်မတော်မှ မူဆို‌ကျေးရွာ အနီး စစ်ရှောင်ပြည်သူအချို့ကို အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခဲ့ကိစ္စ ၊ရီခီးဘူး စစ်ရှောင်ပြည်သူများကို လေယာဉ်နဲ့ ဗုံးကြဲ သတ်ဖြတ်ခဲ့တဲ့ ဖြစ်စဉ်တွေကို သိရှိရကြောင်း" ဖရူဆို PDF ၏ထုတ်ပြန်ချက်တွင်ပါရှိသည်။

ဖရူဆို PDF အဖွဲ့မှ ဆုကြေးငွေများ ချီးမြှင့်ပြီး ကောင်းမွန်စွာ လုံခြုံတဲ့နေရာ ပို့ဆောင်ပေးထားသည်ဟုလည်းသိရသည်။

ဇန်နဝါရီလ ၁၇ ရက်နေ့တွင် ဖရူဆိုမြို့ရှိ စစ်ရှောင်စခန်းတစ်ခုအား စစ်ကောင်စီမှလေကြောင်းဖြင့်ဗုံးကြဲတိုက်ခိုက်ရာ ကလေးငယ်နှစ်ဦးနှင့်အမျိုးသားတစ်ဦး သေဆုံးခဲ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required