တန်းတူညီမျှမှုကိုအခြေခံသည့် အိန္ဒိယ၏ မိတ်ဖက်ဆက်ဆံရေးကဲ့သို့မဟုတ်ဘဲ တရုတ်က အာဖရိကကို လွှမ်းမိုးရန် မျှော်လင့်

တန်းတူညီမျှမှုကိုအခြေခံသည့် အိန္ဒိယ၏ မိတ်ဖက်ဆက်ဆံရေးကဲ့သို့မဟုတ်ဘဲ တရုတ်က အာဖရိကကို လွှမ်းမိုးရန် မျှော်လင့်

အာဖရိကတိုက်တွင် လူဦးရေ ၁ ဒသမ ၃၄ ဘီလီယံရှိပြီး ကမ္ဘာ့လူဦးရေအများဆုံးဖြစ်သည့် တရုတ်နိုင်ငံတွင် လူဦးရေ ၁ ဒသမ ၃၉ ဘီလီယံရှိကာ အကြား ဆင့်ကဲဖြစ်ပေါ်လာသော ဆက်ဆံရေးဆိုင်ရာ ဆန်းစစ် အကဲဖြတ်မှုတွင် အာဖရိကရှိ ပြင်ပအင်အားကြီးများ၏ ထိတွေ့ဆက်ဆံမှု အကြောင်းကိုပါ ထည့်သွင်းရန် လိုအပ်သည်ဟု ကင်ညာနှင့် တောင်အာဖရိကဆိုင်ရာ သံတမန်ဟောင်းလည်းဖြစ် အာဖရိကဆိုင်ရာ ထင်ရှားသည့်ကျွမ်းကျင်ပညာရှင်လည်းဖြစ်သူ ရာဂျစ်ဘာတီယာက ၎င်း၏ စာအုပ်တွင် ရေးသားထားသည်။ “၁၉၄၉ ခုနှစ် အောက်တိုဘာလတွင် တရုတ်နိုင်ငံ (PRC) ကို တည်ထောင်ပြီးကတည်းက လွန်ခဲ့သည့် ဆယ်စုနှစ် ၇ ခုသည် သွင်ပြင်လက္ခဏာနှင့်နယ်ပယ်များတွင် အာဖရိက-တရုတ် ဆက်ဆံရေးက မြင်သာ သိမ်မွေ့သော အပြောင်းအလဲများ မည်သို့လုပ်ဆောင်ခဲ့သည်ဟူသော စိတ်ဝင်စားဖွယ် ဇာတ်လမ်းတစ်ပုဒ်ကို ပြသခဲ့သည်။ ထိုကာလသည် ကွန်မြူနစ်တရုတ်ကို အာဖရိကအစိုးရများစွာက အသိအမှတ်မပြုဘဲ ၎င်းတို့နှင့် အာဖရိကတိုက်ပတ်သက်မှုမှာ မပြောပလောက်သည့်အချိန်က ဖြစ်သည်။ ဆန့်ကျင်ဘက်အားဖြင့် အာဖရိက၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကဏ္ဍများနှင့်ကမ္ဘာ့အမြင်တွင် တရုတ်ပါဝင်သော အခန်းကဏ္ဍဆိုင်ရာ နေရာနှင့်အချိန်များများစားစား မမြှုပ်နှံဘဲ အာဖရိက၏ ပြင်ပဆက်ဆံရေးလက်ရှိအဆင့်ကို မရနိုင်ကြောင်း ဘာတီယာက ၎င်း၏ပွဲဦးထွက်စာအုပ်ဖြစ်သည့် “India-Africa Relations Changing Horizons” စာအုပ်တွင် ရေးသားထားသည်။

စာအုပ်သည် ပြီးခဲ့သောဆယ်စုနှစ်အနည်းငယ်အတွင်းအိန္ဒိယနှင့်တရုတ်နိုင်ငံတို့နှင့် အာဖရိက၏ဆက်ဆံရေးကို ဆန်းစစ်ဝေဖန်အကဲဖြတ်ထားသည်။

တရုတ်နှင့် အိန္ဒိယနှစ်နိုင်ငံစလုံးသည် ၎င်းတို့၏ ကြေညာချက်များနှင့် လုပ်ဆောင်ချက်များကို အကဲဖြတ်ကြည့်ပါက တူညီသောပန်းတိုင်များရှိကြသည်။ အာဖရိက၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးတွင် ပါဝင်ကူညီလိုစိတ်၊ လူသားများ၏ ကြိုးပမ်းအားထုတ်မှု ကဏ္ဍအသီးသီးတွင် အကူအညီများ ကမ်းလှမ်းခြင်း၊ ကမ္ဘာ့ရေးရာများတွင် အာဖရိကအား အရာရောက်သော အခန်းကဏ္ဍမှ ပါဝင်သူဖြစ်စေရန် ကူညီခြင်းနှင့် အာဖရိက၏ သဘာဝအရင်းအမြစ်များ၊ ဟိုက်ဒရိုကာဗွန်များနှင့် စျေးကွက်များကို ၎င်းတို့ကိုယ်တိုင် ရှာဖွေပေးခြင်းများ လုပ်ဆောင်ကြသည်။

ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားသည့် ကာလသည် အာဖရိကတွင် အိန္ဒိယနှင့် တရုတ်တို့အကြား ပြိုင်ဆိုင်မှုကို ပြတ်ပြတ်သားသား ထင်ပေါ်စေခဲ့သည်။ အာရှအင်အားကြီးနှစ်နိုင်ငံစလုံးသည် ၎င်းတို့၏အာဖရိကမိတ်ဖက်များထံသို့ ဆေးဝါးများ၊ စမ်းသပ်ကိရိယာများနှင့် အခြားဆေးဘက်ဆိုင်ရာ ပစ္စည်းများကို ပေးပို့ရန် အပြိုင်အဆိုင် ကြိုးပမ်းခဲ့ကြသည်။ နောက်ပိုင်းတွင် အိန္ဒိယထုတ် ကာကွယ်ဆေး နှစ်မျိုးနှင့် တရုတ်နိုင်ငံထုတ် ကာကွယ်ဆေးများ ရရှိလာသောအခါ နှစ်နိုင်ငံစလုံးသည် ကာကွယ်ဆေးများကို အာဖရိကနှင့် မျှဝေရန် ကြိုးပမ်းခဲ့ကြသည်ဟု ရာဂျစ်ဘာတီယာက ရေးသားထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly