ဟားငါးကောင်အဖွဲ့၏ တော်လှန်ရေး စကားသံနှင့် အနုပညာ ဖျော်ဖြေမှု

21 January 2022
ဟားငါးကောင်အဖွဲ့၏ တော်လှန်ရေး စကားသံနှင့် အနုပညာ ဖျော်ဖြေမှု

စစ်အာဏာသိမ်းမှုအား ဆန့်ကျင်ကာ အနုပညာဖြင့် တော်လှန်နေသော ဟားငါးကောင်အဖွဲ့က ပြည်သူများထံသို့ တော်လှန်ရေး သတင်းစကားနှင့် အနုပညာ ဖျော်ဖြေမှု တစ်ခု ပြုလုပ်ခဲ့သည်။

ထိုဖျော်ဖြေမှုတွင် “အိုးစားဖက်” သီချင်းအား ၎င်းတို့အဖွဲ့က သီဆိုဖျော်ဖြေ ထားသည်။

ထို့အပြင် ပြည်သူ့ကာကွယ်ရေး တပ်သားများအား ကူညီမှု ပိုမိုပေးကြရန်၊ CDM အားလုံးအတွက် အားပေးစကားနှင့် တပ်တွင်းမှ သတင်းပေးနေသူ များအား ဆက်လက် သတင်းပေးရန်လည်း တောင်းဆိုခဲ့သည်။

ယမန်နေ့ ဇန်နဝါရီလ ၂၀ ရက်နေ့ ဟားငါးကောင် အဖွဲ့ဝင်များ ဖြစ်ကြသော တိုင်းကျော်၊ တိုးကျော်၊ ပိုးလေး၊ ဝိုင်းကျော် ၊ ပြည်ကျော်တို့ ငါးဦးအနက် ကိုပိုးလေး၏ မွေးနေ့တွင် ယခုကဲ့သို့ တောတွင်း တစ်နေရာမှ သတင်းစကားပါး ဖျော်ဖြေ တင်ဆက်ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly