ဖားကန့် ကျောက်လုပ်ကွက် စွန့်ပစ်နွံများကြောင့် ဥရုချောင်း နွံပိတ်ကာ တံတားအချို့ ရေနစ်မြုပ်

ဖားကန့် ကျောက်လုပ်ကွက် စွန့်ပစ်နွံများကြောင့် ဥရုချောင်း နွံပိတ်ကာ တံတားအချို့ ရေနစ်မြုပ်

ဇန်နဝါရီ ၂၀

ဖားကန့်မြို့နယ် မမုံစံပြ ကျေးရွာ အနီးရှိ ကျောက်မျက်တူးဖော်ရေး လုပ်ကွက်မှ စွန့်ပစ် မြေစာ များနှင့် နွံများ ဇန်နဝါရီလ ၁၉ ရက် ညပိုင်းတွင် ဥရုချောင်းထဲသို့ အလုံးအရင်း စီးဝင်လာခြင်း ကြောင့် ဥရုချောင်း နွံပိတ်ကာ ရေမစီး နိုင်ဘဲ ချောင်းရေ သုံးပေနီးပါး မြင့်တက်ခဲ့သည်။

ထိုသို့ နွံပိတ်၍ ချောင်းရေ မြင့်တက်မှုကြောင့် ယာယီတံတား အချို့ ရေနစ်မြုပ်မှု ဖြစ်ပေါ်နေပြီး လက်ရှိအချိန်ထိ စက်ယန္တရားများဖြင့် ချောင်းရှင်းလင်းရေး လုပ်ဆောင်နေကြရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly