တရုတ်နှင့် ငြိမ်းချမ်းသော နည်းလမ်းကို ဆက်လုပ်ကိုင်စွဲထားသော်လည်း ရပ်တည်ချက်ကို အခိုင်အမာထားရှိကြောင်း အိန္ဒိယစစ်တပ်အကြီးအကဲ ပြောကြား

By Daily Excelsior
20 January 2022
တရုတ်နှင့် ငြိမ်းချမ်းသော နည်းလမ်းကို ဆက်လုပ်ကိုင်စွဲထားသော်လည်း ရပ်တည်ချက်ကို အခိုင်အမာထားရှိကြောင်း အိန္ဒိယစစ်တပ်အကြီးအကဲ ပြောကြား

အိန္ဒိယစစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး နာရာဗာနီက ၎င်းတို့ စစ်တပ်သည် မြောက်ပိုင်းနယ်စပ်တွင် တရုတ် စစ်တပ်နှင့် ခိုင်မာပြတ်သားပြီး ငြိမ်းချမ်းသော နည်းလမ်းဖြင့် ဆက်လက် ဆက်ဆံ သွားမည်ဖြစ်သော်လည်း ဒေသတွင်း စစ်ဆင်ရေးအတွက် အသင့်ဖြစ်မှုအတွက် အမြင့်ဆုံးအဆင့် တပ်လှန့်ထားကြောင်း ဇန်နဝါရီ ၁၂ရက်တွင် ပြောကြားလိုက်သည်။

လာဒတ်ချ်ခရိုင် အရှေ့ပိုင်းရှိ ထိန်းချုပ်မျဉ်း (LAC) တစ်လျှောက် သဘောထား ကွဲလွဲမှုနှင့် ပတ်သက်ပြီး အပြုသဘောဆောင်သော လှုပ်ရှားမှုများရှိကြောင်း ၎င်းက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

"မြောက်ပိုင်းနယ်စပ်တစ်လျှောက်မှာ တရုတ်စစ်တပ် (PLA) နဲ့ စဉ်ဆက်မပြတ်ဆွေးနွေးမှုတွေ ပြုလုပ်နေချိန်မှာ အမြင့်ဆုံး စစ်ဆင်ရေးပြင်ဆင်မှုအဆင့်ကို ဆက်လက်ထိန်းသိမ်းထားပါတယ်။ ကျွန်တော်တို့ဘက်က တောင်းဆိုချက်တွေ ကို စေတနာသန့်သန့်နဲ့ တောင်းဆိုနေချိန်မှာ PLA နဲ့ ခိုင်မာပြတ်သားပြီး ငြိမ်းချမ်းတဲ့ နည်းလမ်းနဲ့ ဆက်လက်ကိုင်တွယ်သွားမှာဖြစ်ပါတယ်။ လိုအပ်တဲ့ တပ်ဖွဲ့တွေ အသင့်အနေထားမှာ ရှိနေပါတယ်” ဟု ဗိုလ်ချုပ်ကြီး နာရာဗာနီက ပြောကြားခဲ့သည်။

“တောက်လျှောက် လက်တွဲ ဆောင်ရွက်အပြီးမှာ နေရာတော်တော်များများမှာ တပ်ရုပ်သိမ်းမှုတွေ ရှိလာခဲ့တာကြောင့် အပြုသဘောလုပ်ဆောင်မှုတွေ ရှိလာခဲ့ပါတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။

ပါကစ္စတန်အရေးနှင့် ပတ်သက်၍လည်း ကာလကြာရှည်စွာ အခြေအနေများ တင်းမာခဲ့ပြီးနောက်၊ ရေရှည် တည်တံ့ သော ငြိမ်းချမ်းရေးရရှိရန် ရည်ရွယ်ကာ အိန္ဒိယနှင့် ပါကစ္စတန်စစ်ဆင်ရေးညွှန်ကြားရေးမှူးချုပ်အကြား အပစ်အခတ် ရပ်စဲရေးကို ထိန်းသိမ်းရန် နားလည်မှုကြောင့် နှစ်ဦးနှစ်ဖက် အကျိုးရှိပြီး အခြေအနေမှာ သိသိသာသာ တိုးတက်လာသည်ကို တွေ့မြင်ရသည်ဟုလည်း နယ်စပ်ထိန်းချုပ်ရေးမျဉ်းကို ရည်ညွှန်း၍ ၎င်းက ပြောကြားခဲ့သည်။

“သို့သော်လည်း LoCတစ်လျှောက် အမျိုးမျိုးသော ဝင်ပေါက်များတွင် အကြမ်းဖက်သမားများ စုစည်းမှုများ လာခြင်းနှင့် ထပ်ခါတလဲလဲ စိမ့်ဝင်ရန် ကြိုးပမ်းမှုများကြောင့် အနောက်အိမ်နီးချင်း၏ မရိုးသားသော လုပ်ဆောင်ချက်များကို ဖော်ပြနေပြန်ပါတယ်။ မိမိတို့ဘက်ကလည်း အကြမ်းဖက်မှုကို လုံးဝသည်းမခံကြောင်း ဖော်ပြခဲ့ပြီး ကျရောက်လာတဲ့ ဘယ်လိုဖိအားမျိုးကို အဆုံးထိရင်ဆိုင်သွားဖို့ ကတိပြုထားပါတယ်” ဟု အိန္ဒိယစစ်တပ်အကြီးအကဲက ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly