ဝက်လက်မြို့နယ်က စစ်အာဏာရှင် ဆန့်ကျင်ရေး ကျောင်းသားသပိတ်

ဝက်လက်မြို့နယ်က စစ်အာဏာရှင် ဆန့်ကျင်ရေး ကျောင်းသားသပိတ်

ဇန်နဝါရီ ၁၈

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ကျောင်းသားသပိတ်ကို ယနေ့ ဇန်နဝါရီလ ၁၈ ရက်နံနက်ပိုင်းက ပြုလုပ်ခဲ့ကြသည်။

ဝက်လက်မြို့နယ်ကျောင်းသားများသမဂ္ဂ ဝက်လက်မြို့နယ်အ​ခြေခံပညာကျောင်းသားများသမဂ္ဂ ၊ အ.ထ.က ရွှေပန်းကုံး ကျောင်းသားများသမဂ္ဂနှင့် အ.ထ.က (၁) ဝက်လက် ကျောင်းသားများသမဂ္ဂတို့ ပူးပေါင်းပြီး အခြေခံပညာ အလယ်တန်းကျောင်း တစ်ကျောင်းသို့ သွားရောက်ကာ "စစ်ကျွန်ပညာရေး အလိုမရှိ ၊ လုံးဝအုပ်ချုပ်ခွင့်မရစေရ" စသည့် စာသားပါ ပိတ်စများ သွားရောက်ချိတ်ဆွဲခဲ့ကြသည်။

ယင်းအပြင် စစ်ကောင်စီဖွင့်လှစ်သင်ကြားမည့် "စစ်ကျွန်ပညာရေး" ကို သပိတ်မှောက်ကြရန် ဝက်လက်မြို့နယ် အခြေစိုက် ကျောင်းသား သမဂ္ဂများက မေတ္တာရပ်ခံ ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly