တရုတ်နိုင်ငံ အနောက်တောင်ပိုင်းဓာတ်အားပေးစက်ရုံ ရေလွှမ်းမှုကြောင့် လူ ၉ ဦး သေဆုံး

တရုတ်နိုင်ငံ အနောက်တောင်ပိုင်းဓာတ်အားပေးစက်ရုံ ရေလွှမ်းမှုကြောင့် လူ ၉ ဦး သေဆုံး

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်ပြည်နယ်ရှိ ဂန်ဇီတိဗက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စုရှိ ဓာတ်အားပေးစက်ရုံရှိ အဆောက်အအုံတစ်ခုတွင် ရေလွှမ်းကြောင့် လူ ၉ ဦး သေဆုံးခဲ့ကြောင်း ဒေသဆိုင်ရာ အာဏာပိုင်များ၏ ပြောကြားချက်ကို ကိုးကား၍ ဇန်နဝါရီ ၁၄ ရက်တွင် ဒေသဆိုင်ရာ မီဒီယာများက ဖော်ပြခဲ့သည်။

ဇန်နဝါရီ ၁၂ ရက် ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီ ၄၀ မိနစ်အချိန်ခန့်တွင် ဖြစ်ပွားခဲ့သော ရေကြီးရေလျှံမှုကြောင့် ဒန်ဘာကောင်တီရှိ ဓာတ်အားပေးစက်ရုံတွင် ပြုပြင်ထိန်းသိမ်းရေးဝန်ထမ်း ၁၁ ဦး ပိတ်မိနေခဲ့သည်။

လူ ၂ ဦးကို အသက်အန္တရာယ်ရှိသောဒဏ်ရာများမရှိဘဲ ကယ်ဆယ်နိုင်ခဲ့ကြောင်း ဆင်ဟွာသတင်းတွင် ဖော်ပြသည်။ ဇန်နဝါရီ ၁၄ ရက် မွန်းလွဲ ၂ နာရီ ၄၅ မိနစ်တွင် ရေအားလုံး စုပ်ထုတ်နိုင်ခဲ့ပြီး သက်ဆိုင်ရာပြည်နယ်၊ စီရင်စုနှင့်

ခရိုင်ဌာနများမှ ကယ်ဆယ်ရေးလုပ်သား ၅၀၀ ကျော် ပူးပေါင်းပါဝင်သည့် ကယ်ဆယ်ရေးလုပ်ငန်း ပြီးဆုံးခဲ့ကြောင်း ဆင်ဟွာသတင်းအရ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly