ခမောက်ကြီးမြို့တွင်  ပျူစောထီးဆိုသူ ၁ဦး သေနတ်ဖြင့် ပစ်ခတ်ခံရ၍ သေဆုံး 

ခမောက်ကြီးမြို့တွင်  ပျူစောထီးဆိုသူ ၁ဦး သေနတ်ဖြင့် ပစ်ခတ်ခံရ၍ သေဆုံး 

ဇန်နဝါရီလ ၁၅ ရက်

တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်၊ ခမောက်ကြီးမြို့ အောင်ချမ်းသာကျေးရွာတွင် ဇန်နဝါရီလ ၁၂ ရက်နေ့ ည ၈ နာရီခန့် အချိန်တွင် စစ်ကောင်စီ သတင်းပေးပျူစောထီးဟု နာမည်ကြီးနေသူ တစ်ဦး ပစ်ခတ်ခံခဲ့ရ၍ သေဆုံးသွားကြောင်း Five Tigers Peoples Defense Group ကျား (၅) ကောင် PDF အဖွဲ့ထံမှ သိရသည်။ 

ခမောက်ကြီးမြို့တွင် အဆိုပါ စစ်ကောင်စီ သတင်းပေးပျူစောထီးဆိုသူ  သိန်းလှိုင် (ခ) မွန်ကြီးကို ဇန်နဝါရီလ ၁၂ ရက်နေ့ ည ၈ နာရီ အချိန်၌ ၎င်း၏ နေအိမ်တွင် သေနတ်ဖြင့် သုံးချက် ပစ်ခတ်ခံခဲ့ရခြင်း ဖြစ်သည်ဟု ဒေသခံတစ်ဦးက ဆိုသည်။ 

အောင်ချမ်းသာကျေးရွာနေ ဒေသခံ တစ်ဦးက "သူက ရွာမှာ စစ်ကောင်စီ သတင်းပေး နာမည်ကြီး တစ်ဦးပါ နောက်ပြီး သူက တောလမ်းတွေလည်း ကျွမ်းကျင်တော့ PDF တွေရှိတဲ့ နေရာကို လိုက်ပြတယ် ဒါကြောင့် ပစ်ခတ်ခံရတာ ဖြစ်မယ်"ဟု ပြောသည်။ 

ပစ်ခတ်ခံရ သူသည် ပျူစောထီး ခေါင်းဆောင် တစ်ဦးလည်း ဖြစ်သည့်အပြင် စစ်ကောင်စီတပ်ဖွဲ့မှ လက်နက် တပ်ဆင်၍ ဖွဲ့စည်းပေးထားသည့် ကျေးရွာ ပြည်သူ့စစ် တပ်ဖွဲ့ဝင် တစ်ဦးလည်း ဖြစ်သည်ဟု ဒေသခံထံမှ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required