တရုတ်နိုင်ငံအနောက်တောင်ပိုင်း ဓာတ်အားပေးစက်ရုံ ရေလွှမ်းမိုးမှုတွင် ၁ ဦး သေဆုံးပြီး ၈ ဦး ပိတ်မိနေ

တရုတ်နိုင်ငံအနောက်တောင်ပိုင်း ဓာတ်အားပေးစက်ရုံ ရေလွှမ်းမိုးမှုတွင် ၁ ဦး သေဆုံးပြီး ၈ ဦး ပိတ်မိနေ

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်ပြည်နယ်၊ ဂန်ဇီတိဗက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စုရှိ လျှပ်စစ်ဓာတ်အားပေးစက်ရုံကို ရေလွှမ်းမိုးမှု ှု ဖြစ်ပွားပြီးနောက် လူ ၁ ဦး သေဆုံးကာ ၈ ဦး ပိတ်မိခဲ့ကြောင်း ဒေသဆိုင်ရာ မီဒီယာများက ဖော်ပြသည်။

ရေကြီးမှုသည် ဇန်နဝါရီ ၁၂ ရက် ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီ ၄၀ မိနစ်ခန့်တွင် ဖြစ်ပွားခဲ့ကာ ဓာတ်အားပေးစက်ရုံတွင် ပြုပြင်ထိန်းသိမ်းရေးဝန်ထမ်း ၁၁ ဦး ပိတ်မိနေခဲ့သည်။ ည ၉ နာရီတွင် ၂ ဦးကို ကယ်ဆယ်နိုင်ခဲ့ပြီး ၁ ဦး သေဆုံးခဲ့ကြောင်း ဆင်ဟွာသတင်းတွင် ဖော်ပြသည်။

ဓာတ်အားပေးစက်ရုံအနီးတစ်ဝိုက်ရှိ အဆောက်အအုံများနှင့် ယာဉ်အချို့လည်း ရေနစ်မြုပ်ခဲ့ပြီး အနီးနားရှိ အဝေးပြေးလမ်းမကြီး၏ လမ်းပိုင်းတစ်ခုလည်း ကျိုးပြတ်သွားခဲ့သည်။

ပိတ်မိနေသော ဝန်ထမ်းများကို ကယ်ဆယ်ရန် ကယ်ဆယ်ရေးလုပ်သား ၄၀၀ ကျော်ကို စေလွှတ်ထားပြီး လူ ၁၅၀ ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးထားကြောင်းနှင့် ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ဆဲဖြစ်ကြောင်း ဆင်ဟွာ သတင်းအရ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly