လွိုင်ကော် တိုက်ပွဲများအတွင်း သေဆုံးခဲ့သည့် စစ်ကောင်စီတပ် အလောင်းများ KNDF သင်္ဂြိုလ် ပေးနေရ

လွိုင်ကော် တိုက်ပွဲများအတွင်း သေဆုံးခဲ့သည့် စစ်ကောင်စီတပ် အလောင်းများ KNDF သင်္ဂြိုလ် ပေးနေရ
ပုံစာ - ဇန်နဝါရီ ၁၁ရက် တိုက်ပွဲတွင် KNDF က သိမ်းဆည်းရမိသည်များ။

ဇန်နဝါရီလ ၁၃ ရက်

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့ အတွင်း ဖြစ်ပွားနေဆဲ တိုက်ပွဲများအတွင်း သေဆုံးခဲ့သည့် စစ်ကောင်စီတပ် အလောင်းများကို ကောက်ယူသူမရှိ၍ လူသားဂုဏ်သိက္ခာနှင့်အညီ သင်္ဂြိုလ်ပေးလျက်ရှိကြောင်း KNDF က သတင်းထုတ်ပြန်သည်။

လွိုင်ကော်မြို့၊ မိုင်းလုံးရပ်ကွက် နည်းပညာတက္ကသိုလ် အနီးတစ်ဝိုက်တွင် တပ်စွဲထားသော စစ်ကောင်စီ တပ်များကို ယနေ့ ဇန်နဝါရီလ ၁၃ ရက် နံနက်ပိုင်း ၁၀ နာရီ ၃၀ မိနစ်တွင် ကရင်နီတပ်မတော် (KA)၊ KNDF နှင့် PDF ပူးပေါင်း မဟာမိတ်တပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်က ထိခိုက်ကျဆုံးမှု ရှိနိုင်ပြီး ၎င်းတို့ဘက်မှ ထိခိုက်မှု တစ်စုံတစ်ရာ မရှိခဲ့ကြောင်း KNDF က သတင်းထုတ်ပြန်သည်။ 

ဇန်နဝါရီလ ၁၁ ရက်နေ့၊ နံနက် ၆ နာရီ ၃၀ မိနစ်တွင် ဘော်လခဲမြို့နှင့် နန်းဖဲကျေးရွာ အကြားရှိ စစ်ကောင်စီ၏ မက်စလောင်တောင်စခန်းကို ကရင်နီတပ်မတော် (KA) နှင့် KNDF တို့ ဝင်ရောက် တိုက်ခိုက်ခဲ့ရာ တိုက်ပွဲ ၄၅ မိနစ်ကြာဖြစ်ပွားပြီး စစ်ကောင်စီတပ် ထိခိုက်ကျဆုံးမှုများ ရှိခဲ့သော်လည်း အရေအတွက်ကို အတည်မပြုနိုင်ကြောင်း KNDF က ထုတ်ပြန်ထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required