လောင်းလုံးမြို့နယ် သဘော့ဆိပ်ရွာအုပ်ချုပ်ရေးမှူး ပစ်သတ်ခံရ

လောင်းလုံးမြို့နယ် သဘော့ဆိပ်ရွာအုပ်ချုပ်ရေးမှူး ပစ်သတ်ခံရ

ဇန်နဝါရီလ ၁၁ ရက်

ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ် သဘော့ဆိပ်ကျေးရွာ အုပ်ချုပ်ရေးမှူးကို သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ (LPDF) က ထုတ်ပြန်သည်။ 

အဆိုပါ အုပ်ချုပ်ရေးမှူး ဦးလေးလေး ဆိုသူကို ယနေ့ ဇန်နဝါရီလ ၁၁ ရက် ညနေပိုင်းတွင် သဘော့ဆိပ်ကျေးရွာအုပ်စု ကမ်းပနီကျေးရွာ ဘောလုံးကွင်း၌ ကြက်ဝိုင်း လုပ်နေစဉ် ပစ်ခတ် ခဲ့သည် ဟု ဆိုထားသည်။ 

"ပစ်ခတ်ခံရပြီး အရေးပေါ်ကားနဲ့ ချက်ချင်း ဆေးရုံကို လာသယ်သွားတယ်။ သေနတ် သုံးချက် ထိထားတော့ လမ်းမှာပဲ ဆုံးသွားပြီး ဖြစ်တယ်" ဟု လောင်းလုံးမြို့နယ် ဒေသခံ တစ်ဦးက ပြောသည်။ 

ဦးလေးလေးသည် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး တစ်ဦး ဖြစ်သည့် အပြင် ကျေးရွာ အတွင်း ပျူစောထီး ခေါင်းဆောင် တစ်ဦးလည်း ဖြစ်ကာ ဒေသခံ ငါးဖမ်းလှေ ရေလုပ်သမားများထံမှ ငွေကြေးတောင်းခံခြင်း၊ လောင်းကစားဝိုင်းများ ပြုလုပ်ခြင်းနှင့် ငွေညှစ် ပိုက်ဆံရှာနေသူ တစ်ဦးလည်း ဖြစ်ကြောင်း ဒေသခံ ရွာသား တစ်ဦးက မှတ်ချက်ပြု ပြောဆိုသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required