လွိုင်ကော် စစ်ရှောင်များကို အောင်ပန်း၊ပင်လောင်း လမ်းခွဲ၌ စစ်တပ်က မတရား စစ်ဆေးမှုများလုပ်နေ

လွိုင်ကော် စစ်ရှောင်များကို အောင်ပန်း၊ပင်လောင်း လမ်းခွဲ၌ စစ်တပ်က မတရား စစ်ဆေးမှုများလုပ်နေ

ဇန်နဝါရီလ ၁၀ ရက်

ကရင်နီပြည်နယ် လွိုင်ကော်မြို့ မှ ထွက်ပြေးလာကြသည့် စစ်ဘေးရှောင်များကို ရှမ်းပြည်နယ် အောင်ပန်း၊ ပင်လောင်း လမ်းခွဲတွင် စစ်တပ်က ယနေ့ မွန်းလွဲပိုင်း ၃ နာရီကျော်မှစ၍ မတရား စစ်ဆေးနေကြောင်း စစ်ရှောင်များကို ကူညီပေးနေသည့် ဒေသခံ တစ်ဦးက ပြောသည်။

“ဒီနေ့ထိ စစ်ရှောင်တွေ ကားတန်းရှည်ကြီးနဲ့ တစဲစဲ ထပ်ရောက်နေဆဲပါပဲ။ စစ်ရှောင်လာနေတဲ့ အောင်ပန်း၊ပင်လောင်း လမ်းခွဲမှာ စစ်သားတွေက မတရား စစ်နေလို့  စစ်ရှောင်တွေက လာကြိုတဲ့ သူတွေကို အားနာပြီး လှည့်ပြန်မယ် လုပ်နေကြတယ်။ အရှေ့ဘက်လမ်း ဖြစ်တဲ့ ညောင်ရွှေမြို့နယ် ထီရိကျေးရွာမှာလည်း စစ်ကောင်စီနဲ့  ပအိုဝ်းအမျိုးသားအဖွဲ့အစည်း( PNO ) တွေပေါင်းပြီး  လမ်းတွေပိတ်ပြီး ရန်ပုံငွေ ဆိုပြီး ပိုက်ဆံ တောင်းတာတွေရှိတယ်။ စစ်ဆေးမှုတွေ ပြုလုပ်ကြတယ်’’ ဟု ၎င်းက ပြောသည်။

အကြမ်းဖက် စစ်တပ်က လွိုင်ကော်မြို့ကို ဇန်နဝါရီလ ၉ ရက်နေ့  ည ၉ နာရီ ၃၀ မိနစ်တွင် လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည့်အပြင် တပ်သားအင်အား များစွာဖြင့် တင့်ကားများ အသုံးပြုကာ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်များကို တိုက်ခိုက်သည့်အတွက် ပြည်သူများ၏ အိုးအိမ် ပစ္စည်းများ ပျက်စီးကာ ရှမ်းပြည်နယ် တောင်ဘက်ပိုင်းသို့ ပြည်သူများ တရိပ်ရိပ် ပြောင်းရွှေ့ နေကြရခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required