အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားသော အမှု ၃ မှု အတွက် ငါးနှစ်ချမှတ်

အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားသော အမှု ၃ မှု အတွက် ငါးနှစ်ချမှတ်

ဇန်နဝါရီ ၁၀

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဆက်သွယ်ရေးပုဒ်မ၊ ပို့ကုန်သွင်းကုန်ပုဒ်မနှင့် သဘာဝဘေး ပုဒ်မတို့အတွက် စစ်ကောင်စီက စုစုပေါင်း ထောင်ဒဏ် ငါးနှစ် ထပ်မံချမှတ်လိုက်သည်။

ယနေ့ ဇန်နဝါရိလ ၁၀ ရက် ရုံးချိန်းတွင် ဇဗ္ဗူသီရိမြို့နယ်တရားရုံးက အမိန့်ချမှတ်လိုက်ခြင်းဖြစ်ပြီး၊ ဆက်သွယ်ရေးပုဒ်မ အတွက်တစ်နှစ်၊ ပို့ကုန်သွင်းကုန် ပုဒ်မအတွက် နှစ်နှစ်နှင့် သဘာဝဘေး ပုဒ်မအတွက် နှစ် နှစ် အသီးသီး ချမှတ်လိုက်ခြင်းဖြစ်သည်။

သို့သော် ဆက်သွယ်ရေးပုဒ်မနှင့် ပို့ကုန်သွင်းကုန် နှစ်မှုအတွက် တစ်ပေါင်းတည်း ကျခံရမည် ဖြစ်သောကြောင့် စုစုပေါင်း နှစ်နှစ်သာ ကျခံရမည် ဖြစ်သည်။

ထို့ကြောင့် အမှုသုံးမှုအတွက် စုစုပေါင်း လေးနှစ် ချမှတ်ခံရခြင်းဖြစ်သည်။

"ဆက်သွယ်ရေးအမှုနဲ့ ပို့ကုန်သွင်းကုန် အမှုအတွက် တစ်ပေါင်းတည်းဆိုတော့ များရာကို ကျခံရတဲ့အတွက် နှစ်နှစ်ဘဲ ကျခံရမှာပါ" ဟု တရားရုံးနှင့် နီးစပ်သူများက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ဆက်လက် တရားရင်ဆိုင်ရန် အမှု ခုနစ်မှု ကျန်ရှိ နေသေးသည်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဆက်လက်ရင်ဆိုင်ရန် ကျန်ရှိနေသော အမှုများအတွက် ထောင်အာဏာပိုင်များ စီစဉ်ပေးသော အဖြူရောင်အင်္ကျီ၊ အညိုရောင်လုံချည်ကို ဝတ်ဆင်၍ တရားရင်ဆိုင် နေရခြင်းလည်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required