အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားသော အမှု ၃ မှု အတွက် ငါးနှစ်ချမှတ်

အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားသော အမှု ၃ မှု အတွက် ငါးနှစ်ချမှတ်

ဇန်နဝါရီ ၁၀ 

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဆက်သွယ်ရေးပုဒ်မ၊ ပို့ကုန်သွင်းကုန်ပုဒ်မနှင့်သဘာဝဘေးပုဒ်မတို့အတွက် စုစုပေါင်းထောင်ဒဏ် ငါးနှစ်ချမှတ်လိုက်သည်။

ယနေ့ရုံးချိန်းတွင် ဇဗ္ဗူသီရိမြို့နယ်တရားရုံးက အမိန့်ချမှတ်လိုက်ခြင်းဖြစ်ပြီး၊ ဆက်သွယ်ရေးပုဒ်မ အတွက်တစ်နှစ်၊ ပို့ကုန်သွင်းကုန်ပုဒ်မအတွက် နှစ် နှစ်နှင့် သဘာဝဘေး ပုဒ်မအတွက် နှစ် နှစ် အသီးသီးချမှတ်လိုက်ခြင်းဖြစ်သည်။

အပြည့်အစုံကို ဆက်လက်ဖော်ပြပါမည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly