အိန္ဒိယနှင့် တရုတ်စစ်တပ်များ နှစ်သစ်တွင် နှုတ်ခွန်းဆက်စကားများ အပြန်အလှယ် ပြောကြား

By Times of India
09 January 2022
အိန္ဒိယနှင့် တရုတ်စစ်တပ်များ နှစ်သစ်တွင် နှုတ်ခွန်းဆက်စကားများ အပြန်အလှယ် ပြောကြား

၂၀၂၂ခုနှစ် နှစ်သစ်အခါသမယတွင် အိန္ဒိယစစ်တပ်နှင့် တရုတ်စစ်တပ်(PLA) တို့သည် ဒီဇင်ဘာ ၁ရက်က ကိုယ်ပိုင်နယ်မြေထိန်းချုပ်မျဉ်း (LAC) တစ်လျှောက် စခန်းများတွင် နှုတ်ခွန်းဆက်စကားများ ပြောကြားပြီး သကြားလုံးများ အပြန်အလှန်ဖလှယ်ခဲ့ကြသည်။

ယင်းစခန်းနေရာများတွင် ဒမ်ချော့၊ နာသာလာနှင့် ကွန်ဂရာလာ ရေပူစမ်းများများ ရှိသည်။

နှစ်ပေါင်းများစွာ အိန္ဒိယသည် ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို သေချာစေရန် ယခုကဲ့သို့သော ချစ်ကြည်ရေး အမူအရာဖြင့် တရုတ်နှင့် နှစ်နိုင်ငံ ဆက်ဆံရေးကို ခိုင်မြဲစေရန် စဉ်ဆက်မပြတ် ကြိုးပမ်းခဲ့သည်။

အိန္ဒိယနှင့် တရုတ်တပ်များသည် ချုဆယ်မိုဒိုဆုံမှတ်၊ ဘမ်လာ၊ ကေကေပါ့၊ ဒီဘီအို၊ ဘော်တယ်နက်၊ ကွန်ကာလာ၊ ကွန်ဂရလာနှင့် ဝါချာဒါမိုင်တို့တွင် ကောင်းမွန်သော အပြုအမှုများကို အပြန်အလှန် ဖော်ပြခဲ့သည်။

နှစ်သစ်ကူးအခါသမယတွင် အိန္ဒိယနှင့် ပါကစ္စတန်တပ်မတော်တို့မှ တာဝန်ရှိသူများကလည်း နေရာ ၄ ခုတွင် နှုတ်ခွန်းဆက်စကားများ ပြောကြားပြီး သကြားလုံးများအပြန်အလှန်ဖလှယ်ခဲ့ကြသည်။

အဆိုပါနေရာများသည် မန်ဒါရာရေပူစမ်းလမ်းဆုံ၊ ပွန့်ချ်ရောလာကော့လမ်းဆုံ၊ ချာကိုတီယူရီလမ်းဆုံနှင့် ချီလီအာနာတက်ဝဲလ်လမ်းဆုံ တွင် လုပ်ဆောင်ခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly