Breaking  ------ လွိုင်ကော်မြို့ပေါ်ကို စစ်ကောင်စီတပ် လေကြောင်းက ထပ်မံ ဗုံးကြဲပစ်ခတ် တိုက်ခိုက်နေ

Breaking  ------ လွိုင်ကော်မြို့ပေါ်ကို စစ်ကောင်စီတပ် လေကြောင်းက ထပ်မံ ဗုံးကြဲပစ်ခတ် တိုက်ခိုက်နေ

ဇန်နဝါရီလ ၈ ရက်

ကရင်နီပြည်နယ် လွိုင်ကော်မြို့ပေါ်ကို စစ်ကောင်စီတပ် လေယာဉ်နှစ်စီးဖြင့် ယနေ့ ညနေ ၃ နာရီ ခန့်မှာ စတင် ပစ်ခတ်ခဲ့ပြီးနောက် ယခု ည ၇ နာရီခန့်မှစ၍  ထပ်မံ ဗုံးကြဲပစ်ခတ် တိုက်ခိုက်နေကြောင်းဒေသခံ တစ်ဦးကပြောသည်။

“အခုဘဲ လေယာဉ် ဗုံးကြဲပါတယ်၊ အိမ်ကို ဗုံးဆံတွေ မှန်ကုန်ပါပြီ၊ လွိုင်ကော် နမ့်ဘော်ဝမ်ရပ်ကွက်ပါ၊ ကျွန်တော့်အိမ်ကိုပါ တိုက်လေယာဉ်ကနေကြဲတဲ့ ဗုံးဆံတွေ လာမှန်နေပါတယ်” ဟု လွိုင်ကော် မြို့ခံတစ်ဦးက ပြောသည်။

ယနေ့ ညနေ ၃ နာရီ ခန့်တွင် စစ်ကောင်စီတပ် လေကြောင်းက ဗုံးကြဲပစ်ခတ် တိုက်ခိုက်ခဲ့ပြီးနောက် ယခု ဒုတိယအကြိမ် တိုက်ခိုက်နေကြောင်းဒေသခံ တစ်ဦးကပြောသည်။

ဇန်နဝါရီလ ၆ ရက်နေ့က စတင်ခဲ့သည့် မိုင်းလုံးရပ်ကွက် တိုက်ပွဲတွင် စစ်ကောင်စီတပ်များ အထိနာခဲ့ပြီးနောက် ယခုကဲ့သို့ လေကြောင်းမှ တိုက်ခိုက်လာခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required