တောင်ကိုရီးယား အဆိုတော် PSY သည် မကြာသေးမီက ထွက်ရှိခဲ့သော ၎င်း၏ Daddy တေးသီချင်းဖြင့် ဇန်နဝါရီ ၇ ရက်က “M!Countdown” ရုပ်သံအစီစဉ်တွင် ၂၀၁၆ ခုနှစ်၏ ပထမဆုကို ရရှိခဲ့သည်။
iKON အမျိုးသားအဆိုတော် အဖွဲ့သည် ၎င်းတို့၏ ပွဲဦးထွက် တေးသီချင်းအယ်လ်ဘမ်မှ ခေါင်းစဉ်တေးသီချင်း “Dumb& Dumber” ဖြင့် နံပါတ်တစ်နေရာကို ရရှိထားသည်။
PSY သည် ပထမဆုရရှိခဲ့သော်လည်း ယခုသီတင်းပတ် “M!Countdown” အစီစဉ်တွင် ပါဝင် ဖြေဖျော်ခဲ့ခြင်း မရှိကြောင်းနှင့် PSY သည် တေးဂီတ ဇယားများတွင် ဆက်လက် ဦးဆောင်လျက် ရှိသည်။
PSY သည် မကြာသေးမီက ထွက်ရှိခဲ့သော Chiljip Psy-da တေးသီချင်း အယ်လ်ဘမ်ဖြင့် အောင်မြင်မှုများ ရရှိခဲ့ပြီး “Daddy” တေးသီချင်းသည် အဓိက တေးသီချင်း ဇယားအများစုတွင် ထိပ်တန်း ဆယ်နေရာ၌ ဆက်လက် ရပ်တည်နေသည်။ PSY သည် ပြီးခဲ့သည့်လက SBS ရုပ်သံ၏ “Inkigayo” ရုပ်သံအစီစဉ်တွင် သီတင်းပတ် သုံးပတ်ဆက်တိုက် အောင်မြင်မှု ရရှိခဲ့သည်။