တရုတ်က စစ်ဘက်ဆိုင်ရာ ရည်ရွယ်ချက်များအတွက် ဉာဏ်ရည်တုနည်းပညာဖြင့် အရပ်သားတို့၏ အချက်အလက်များကို အလွဲသုံးစားလုပ်ရန် ကြိုးစားနေ

By Daily Hunt
04 January 2022
တရုတ်က စစ်ဘက်ဆိုင်ရာ ရည်ရွယ်ချက်များအတွက် ဉာဏ်ရည်တုနည်းပညာဖြင့် အရပ်သားတို့၏ အချက်အလက်များကို အလွဲသုံးစားလုပ်ရန် ကြိုးစားနေ

အရပ်ဘက်ဆိုင်ရာ အချက်အလက်များကို စစ်ရေးရည်ရွယ်ချက်အတွက် အလွဲသုံးစားလုပ်ရန်ကြိုးပမ်းမှုအဖြစ် တရုတ်နိုင်ငံသည် နိုင်ငံတကာလုံခြုံရေးပုံစံကို ပြောင်းလဲနိုင်သော ဉာဏ်ရည်တု (AI) အပလီကေးရှင်းများကို ထိန်းချုပ်ရန် လုပ်ဆောင်လျက်ရှိသည်။

အရပ်ဘက် သို့မဟုတ် စစ်ဘက်ဆိုင်ရာ ဒေတာအပလီကေးရှင်းတွင် သိသာထင်ရှားသော ကွဲပြားခြားနားမှုမှာ AI ကဲ့သို့ နှစ်မျိုးသုံးနည်းပညာအတွက် ခက်ခဲပေလိမ့်မည်။ ဥပမာ AI မော်ဒယ်ကို လေ့ကျင့်ရန် အရပ်ဘက်ဒေတာကို

အသုံးပြုနိုင်ပြီး ယင်းကဲ့သို့ လေ့ကျင့်မှု ပြုလုပ်ထားသော ပုံစံကို စစ်ရေးရည်ရွယ်ချက်အတွက် ထပ်မံအသုံးပြုနိုင်သည်ဟုAsia Times ကဖော်ပြသည်။

တရုတ်နိုင်ငံသည် မကြာသေးမီက ပြုလုပ်ခဲ့သော ကုလသမဂ္ဂ၏ အချို့သော သမားရိုးကျလက်နက်များဆိုင်ရာ ကွန်ဗင်းရှင်း (CCW) ၏ ၆ အကြိမ်မြောက် ပြန်လည်သုံးသပ်ခြင်းညီလာခံသို့ စစ်ဘက်ဆိုင်ရာ ဉာဏ်ရည်တုအပလီကေးရှင်းများထိန်းချုပ်ခြင်းဆိုင်ရာ သဘောထားကြေညာစာတမ်းကို တင်ပြခဲ့သည်။

ထို့ပြင် အဆိုပါ သဘောထားကြေညာစာတမ်းတွင်နိုင်ငံများအနေဖြင့် ငြင်းခုံရန်၊ ဆွေးနွေးရန်နှင့် AI ကို လက်နက်အဖြစ်အသုံးပြုခြင်းမှ ရှောင်ရှားသင့်သည်ဟူသော အကြောင်းအရာတို့ကို ဖယ်ထုတ်ထားသည်။

ထို့ပြင် အဆိုပြုချက်သည် ပေကျင်းက AI ကို နိုင်ငံတကာလုံခြုံရေးစံနမူနာကို ပြောင်းလဲနိုင်သည့် နည်းပညာတစ်ခုအဖြစ် တရားဝင် အသိအမှတ်ပြုခြင်းပင်ဖြစ်သည်။

အမေရိကန်နှင့် တရုတ်အပါအဝင် နိုင်ငံအများအပြားသည် AI ၏ အားသာချက် များကိုစစ်ဘက် အပလီကေးရှင်းများတွင်အသုံးချရန် ကြိုးစားနေကြသည်။

ထို့ပြင် နည်းပညာလုံခြုံရေးအတွက် တရုတ်၏သဘောထားကြေညာစာတမ်းသည် AI ဒေတာကို စစ်ရေးအသုံးပြုမှုအပေါ် ကန့်သတ်ချက်များနှင့်အတူ လူသားတို့၏ဝင်ရောက်စွက်ဖက်မှုနှင့် ဒေတာလုံခြုံရေး၏ အရေးပါမှုကို အလေးပေးဖော်ပြထားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly