တမီးလ်အများစုနေထိုင်သည့် သီရိလင်္ကာပြည်နယ်သို့ တရုတ်သံတမန်သွားခဲ့သည့် ခရီးစဉ်က စိုးရိမ်မှုများကို ဖြစ်ပေါ်စေ

By Latestly
01 January 2022
တမီးလ်အများစုနေထိုင်သည့် သီရိလင်္ကာပြည်နယ်သို့ တရုတ်သံတမန်သွားခဲ့သည့် ခရီးစဉ်က စိုးရိမ်မှုများကို ဖြစ်ပေါ်စေ

သီရိလင်္ကာနိုင်ငံ တမီးလ်အများစုနေထိုင်ရာ မြောက်ပိုင်းပြည်နယ်သို့ မကြာသေးမီက တရုတ်သံတမန် လာရောက်လည်ပတ်မှုသည် အိန္ဒိယနှင့် ပထဝီနိုင်ငံရေးအရ ပြိုင်ဆိုင်နေကြချိန်တွင် တရုတ်၏ခြေရာကို ချဲ့ထွင်ရန် မဟာဗျူဟာမြောက်လှုပ်ရှားမှုအဖြစ် ရှုမြင်နေကြသည့်အပေါ် စိုးရိမ်မှုနှင့်နိုင်ငံရေးအခြေအတင် ဆွေးနွေးမှုများ ဖြစ်ပေါ်စေခဲ့သည်။

သီရိလင်္ကာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ချီကျန်ဟောင်သည် ဒီဇင်ဘာ ၁၅ ရက်မှ ၁၇ ရက်အထိ နိုင်ငံမြောက်ပိုင်းပြည်နယ်သို့ ပထမဆုံးအကြိမ် လာရောက်လည်ပတ်ခဲ့သည်။ 

၎င်း၏ ၃ ရက်ကြာခရီးစဉ်အတွင်း သံအမတ်ကြီး ချီသည် အထင်ကရ Jaffna ပြည်သူ့စာကြည့်တိုက်သို့ သွားရောက်ခဲ့ကာ လက်ရှိ ကိုဗစ်-၁၉ အခက်အခဲများကို တိုက်ဖျက်ရန် ဒေသခံပြည်သူများနှင့် တစ်သားတည်းအဖြစ် သိစေရန် စားနပ်ရိက္ခာများ လှူဒါန်းခဲ့ပါသည်။

တရုတ်၏ တစ်သားတည်းဆိုခြင်း သည် သီရိလင်္ကာ တမီးလ်ရေလုပ်သားများကို အနိုင်ယူရန် ရည်ရွယ်နိုင်ကြောင်း ဒေသတွင်း ပထဝီဝင်နိုင်ငံရေးနှင့် ရင်းနှီးသောကျွမ်းကျင်ပညာရှင်များက ထောက်ပြခဲ့သည်။

“အခု တရုတ်က တစ်ချိန်တည်းမှာပဲ လူနည်းစုရော လူအများစုအသိုင်းအဝိုင်းကိုပါ ကျေနပ်အောင် ချဉ်းကပ်မှုနှစ်ခုကို ဗျူဟာမြောက်လုပ်ဆောင်နေပါတယ်။ တရုတ်သံအမတ်ကြီးရဲ့ ခရီးစဉ်နဲ့ မြောက်ပိုင်းပြည်နယ်ကို တရုတ်က များပြားလှတဲ့ အကူအညီတွေ ပေးတာဟာ ငါးဖမ်းလုပ်ငန်းအသိုက်အဝန်းကို ကနဦးအဆင့်ပစ်မှတ်ထားပြီးတော့ တရုတ်ရဲ့ ခြေရာကို ချဲ့ထွင်တဲ့ မဟာဗျူဟာမြောက် လှုပ်ရှားမှုပါ" ဟု ကမ္ဘာတစ်ဝှမ်းရှိ တမီးလ်များအတွက် အွန်လိုင်းအသိုင်းအဝိုင်းဗဟိုချက်ဖြစ်သည့် inmathi ကို ကိုးကား၍ သီရိလင်္ကာရှိ ပထဝီဝင်နိုင်ငံရေးနှင့် နိုင်ငံတကာလုံခြုံရေးအကြံပေး အာဆန်ဂါအာဘေးယာဂွန်ဆီကာရာက ပြောသည်။

တရုတ်က အိန္ဒိယသမုဒ္ဒရာအတွင်း ခါးပတ်လမ်းစီမံကိန်းအတွက် သီရိလင်္ကာကို ပထဝီဝင်ဗျူဟာမြောက်အချက်အချာနေရာအဖြစ် ရှုမြင်သည်ဟု လုံခြုံရေးကျွမ်းကျင်သူများက ယုံကြည်ကြသည်။

၎င်းတို့၏ ရှင်သန်မှုနှင့် စီးပွားရေးလုံခြုံရေးအတွက် ရာဂျာပက်ခ်ဆာအစိုးရမှ ပံ့ပိုးပေးထားသော ကဏ္ဍများစွာတွင် တရုတ်သြဇာလွှမ်းမိုးမှုကို သိသိသာသာ တိုးချဲ့ထားကြောင်း inmathi ၏ အဆိုအရ သိရသည်။ "အထူးသဖြင့် တောင်ပိုင်းအစွန်အဖျားမှာ အိန္ဒိယရဲ့ လုံခြုံရေးအကဲဆတ်မှုကို တရုတ်အနေနဲ့ နားလည်သင့်တယ်" ဟု အာဘေးယာဂွန်ဆီကာရာက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly