တရုတ်အာဏာပိုင်များသည် စက်တင်ဘာလ ၂၄ ရက်နေ့တွင်ကနေဒါနိုင်ငံသား မိုက်ကယ်စပါဗာ နှင့် မိုက်ကယ်ကော့ဗ်ရစ်တို့ကို ရက်ပေါင်း ၁၀၀၀ ကျော် ထိန်းသိမ်းထားပြီးနောက် ပြန်လွှတ်ပေးခဲ့သည်။
၎င်းတို့နှစ်ဦးကို သာမန်အကျဉ်းထောင်တွင် ထိန်းသိမ်းထားခြင်းမရှိသော်လည်း သတ်မှတ်နေရာ၌ နေထိုင်စေ၍ စောင့်ကြည့်သည့်စနစ် (RSDL) ဖြင့်ထားရှိသည်။
ကနေဒါနိုင်ငံသား ၂ ဦးစလုံးသည် ရှေ့နေ သို့မဟုတ် ကောင်စစ်ဝန်ဌာနများနှင့် ဆက်သွယ်ခွင့်ကို ကန့်သတ်ခံထားရပြီး ၂၄ နာရီပတ်လုံး မီးရောင်ရှိသော အခန်းများထဲတွင် နေထိုင်ခဲ့ကြသည်။
၂၀၁၂ ခုနှစ်တွင် ပြင်ဆင်ခဲ့သည့် တရုတ်ရာဇ၀တ်မှုဆိုင်ရာဥပဒေအရ ရဲများသည် နေရာကို ထုတ်ဖော်ပြောကြားရန် မလိုဘဲ သတ်မှတ်ထားသောနေရာတစ်ခုတွင် နိုင်ငံခြားသား သို့မဟုတ် တရုတ်လူမျိုးများကို ၆ လအထိထိန်းသိမ်းခွင့်ရှိသည်။
စပိန်အခြေစိုက် လူ့အခွင့်အရေးအဖွဲ့ Safeguard Defenders က တရုတ်နိုင်ငံ၏ လူပေါင်း ၂၇ ၂၀၈ မှ ၅၆ ၉၆၃ အထိသည် တရုတ်၏ နေထိုင်မှုစောင့်ကြည့်ရေးစနစ်ကို ဖြတ်သန်းခဲ့ရကြောင်း
ပြည်သူ့တရားရုံးချုပ်မှ အချက်အလက်များနှင့် ကိုယ်တွေ့ကြုံသူများ၏ထွက်ဆိုချက်များနှင့် ရှေ့နေများ၏ပြောကြားချက်ကို ကိုးကား၍ ပြောသည်။
ကွန်မြူနစ်ပါတီဝင်များ၊ နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူ့ရေးရာကိစ္စရပ်များတွင်ပါဝင်ပတ်သက်သူတိုင်းကို liuzhi ဟုခေါ်သော အလားတူစနစ်ဖြင့် ချုပ်နှောင်ထားသည်။ ၂၀၁၈ ခုနှစ်တွင် ၎င်းစနစ်စတင်ချိန်မှစ၍ စတင်မိတ်ဆက်ချိန်မှစ၍ နှစ်စဉ် လူပေါင်း၁၀ ၀၀၀မှ ၂၀ ၀၀၀ ခန့်ကို Liuzhi စနစ်ဖြင့် ထိန်းသိမ်းခဲ့ကြောင်း ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
RSDL နှင့် liuzhi စနစ်နှစ်ခုစလုံးအောက်ရှိ အခြေအနေများသည် ညှဉ်းပန်းနှိပ်စက်မှုနှင့် တူညီသည်ဟု ဖော်ပြထားပြီး အကျဉ်းသားများမှာ ဥပဒေအကြံပေးရယူခွင့်မရှိဘဲ ထိန်းသိမ်းခံထားရသည်။
အိပ်ရေးပျက်ခြင်း၊ အထီးကျန်ခြင်း၊ တစ်ယောက်တည်း အကျဉ်းချထားခြင်း၊ ရိုက်နှက်ခြင်းနှင့် အတင်းအကြပ်ဖိနှိပ်မှု အနေအထားများ ရှိသည်ဟု စနစ်နှစ်ခုစလုံးကို ကြုံတွေ့လာသူများက ဖွင့်ဟကြောင်း အခွင့်အရေးအုပ်စုများစွာထံမှ သိရသည်။