ထိုင်ဝမ်စစ်တပ်ကို တရုတ်က သူလျှိုလုပ်ခဲ့သည့် အတိုင်းအတာကို အမှုတွဲမှတ်တမ်းများတွင် ဖော်ပြ

By Intellasia
31 December 2021
ထိုင်ဝမ်စစ်တပ်ကို တရုတ်က သူလျှိုလုပ်ခဲ့သည့် အတိုင်းအတာကို အမှုတွဲမှတ်တမ်းများတွင် ဖော်ပြ

ရှဲရှီကျန်းသည် ဟောင်ကောင်စီးပွားရေးလုပ်ငန်းရှင်တစ်ဦးအဖြစ် လွန်ခဲ့သည့်၂၀ ကျော်က ထိုင်ဝမ်သို့ လာရောက်ခဲ့သည်။ ယခုအခါ သူသည် တရုတ်ပြည်အတွက် သူလျှိုစုဆောင်းမှုဖြင့် စွပ်စွဲခံနေရသည်။

၂၀ဝ၆ခုနှစ် ခရီးစဉ်တစ်ခုတွင် ရှဲသည် ထိုင်ဝမ်ရေတပ်မှ အငြိမ်းစား အကြီးတန်း ရေတပ်အရာရှိ ချန်ပေ့နန်းနှင့် အတူစားသောက်ခဲ့ပြီး ၎င်းတို့ ၂ ဦးစလုံးကို သူလျှိုဟု စွပ်စွဲထားကြောင်း တရားဝင် စာရွက် စာတမ်းများတွင် ဖော်ပြထားသည်။

လက်ရှိနှင့် အငြိမ်းစားစစ်ဘက်အရာရှိများကြားတွင် သူလျှိုကွန်ရက်ကိုတည်ဆောက်ရန် ကြိုးပမ်းသည့် တရုတ် စစ်ဆင်ရေး၏ တစ်စိတ်တစ်ပိုင်းအဖြစ် ချန်သည် ရှဲ၏ အေးဂျင့်များထဲမှ တစ်ဦးဖြစ်လာပြီး ၎င်းသည် ထိုင်ဝမ်၏ အရေးပါသော စစ်ဘက်ဆိုင်ရာ ခေါင်းဆောင်မှုကို ထိုးဖောက်ဝင်ရောက်ရန် ကူညီပေးနေသည်ဟု စာရွက် စာတမ်းများက စွပ်စွဲထားသည်။

တရုတ်က ထိုင်ဝမ်သမ္မတစိုင်အင်ဝမ်ကို ကာကွယ်ရန် သတ်မှတ်ထားသော လုံခြုံရေး အသေးစိတ်ကိုပင် ထိုးဖောက်ဝင်ရောက်ခဲ့သည်။

ထိုင်ဝမ်ခေါင်းဆောင်ကို ကာကွယ်ရန် တာဝန်ပေးထားခဲ့သည့် တပ်ခွဲတွင် တာဝန်ထမ်းဆောင်နေသည့် အငြိမ်း စား သမ္မတလုံခြုံရေးအရာရှိနှင့် စစ်ရဲ ဒု-ရဲမှူးကြီးတစ်ဦးတို့သည် တရုတ်ထောက်လှမ်းရေးအေဂျင်စီထံ ထိုင်ဝမ်သမ္မတ၏ လုံခြုံရေးဆိုင်ရာ အရေးကြီးသောအချက်အလက်များ ပေါက်ကြားမှုအတွက် ၂၀၂၁ခုနှစ်အစောပိုင်းတွင် ပြစ်ဒဏ်ချမှတ်ခံခဲ့ရသည်။

၎င်းတို့နှစ်ဦးသည် တိုင်ပေမြို့လယ်ရှိ သမ္မတနေအိမ်နှင့် သမ္မတရုံးစောင့်ကြပ်သည့် အကြီးတန်း လုံခြုံရေး အရာရှိများ၏ အမည်၊ ရာထူးနှင့် အလုပ်ဖုန်းနံပါတ်များ ပေါက်ကြားစေမှုဖြင့် စွဲချက်တင်ထားကြောင်း Reuters နှင့် ဒေသဆိုင်ရာ မီဒီယာများ၏ ဖော်ပြချက်များအရ သိရသည်။

လွန်ခဲ့သည့်ဆယ်စုနှစ်များအတွင်း၊ အငြိမ်းစားနှင့် တာဝန်ထမ်းဆောင်ဆဲ ဗိုလ်ကြီး သို့မဟုတ် ဗိုလ်ကြီးထက် ကြီးသော ရာထူးအဆင့်ရှိသည့် ထိုင်ဝမ်အရာရှိ အနည်းဆုံး ၂၁ ဦးကို တရုတ်အတွက် သူလျှိုလုပ်ပေးမှုဖြင့် ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း ထိုင်ဝမ်၏ တရားဝင်သတင်းအေဂျင်စီများမှ သတင်းများနှင့် တရားရုံးမှတ်တမ်းများ ကို ရိုက်တာက သုံးသပ်လေ့လာသိရှိခဲ့ရသည်။

လက်နက်ကိုင်တပ်ဖွဲ့များမှ အမှုထမ်း သို့မဟုတ် အငြိမ်းစား အနည်းဆုံး ၉ ဦးသည် တရုတ်မှ သူလျှိုများနှင့် အဆက်အသွယ်ရှိသည်ဟု သံသယရှိသဖြင့် လက်ရှိတွင် ရုံးတင်စစ်ဆေးခြင်း သို့မဟုတ် စုံစမ်းစစ်ဆေးခံနေရသည်ဟု သုံးသပ်ချက်တွင် ဖော်ပြထားသည်။

ပြစ်ဒဏ်ချမှတ်ခံထားရသော အရာရှိ ၂၁ ဦးသည် တရုတ်နိုင်ငံအတွက် သူလျှိုစုဆောင်းခြင်း သို့မဟုတ် အကြီးတန်းထိုင်ဝမ်အရာရှိများ၏ ဆက်သွယ်ရန်အသေးစိတ်အချက်အလက်များနှင့် တရုတ်နိုင်ငံရှိ ထိုင်ဝမ် အေးဂျင့်များ၏ အသေးစိတ်အချက်အလက်များအပါအဝင် အရေးကြီးသောအချက်အလက်များကို တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးခြင်းအတွက် အပြစ်ရှိကြောင်း တွေ့ရှိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly