ရုရှားမှာ ဘတ်စ်ကား မတော်တဆမှုကြောင့် လူ ၅ ဦး သေဆုံးပြီး ၂၀ ကျော် ဒဏ်ရာရ

ရုရှားမှာ ဘတ်စ်ကား မတော်တဆမှုကြောင့် လူ ၅ ဦး သေဆုံးပြီး ၂၀ ကျော် ဒဏ်ရာရ
Photo - AFP

ဇန်နဝါရီလ ၂ ရက်

ရုရှားနိုင်ငံ မော်စကိုမြို့ရဲ့ တောင်ပိုင်းမှာ ဇန်နဝါရီ ၂ ရက် မနက်အစောပိုင်းက ဘတ်စ်ကား မတော်တဆမှုတစ်ခု ဖြစ်ပွားလို့ လူ ငါးဦးထက်မနည်း သေဆုံးပြီး ၂၁ ဦး ထိခိုက်ဒဏ်ရာရသွားတယ်လို့ ရုရှားအာဏာပိုင်တွေက ပြောပါတယ်။

အဆိုပါ မတော်တဆမှုဖြစ်စဥ်ဟာ ရူအာဇန်ဒေသမှာ မနက် ၅ နာရီ ၄၅ မိနစ်လောက်မှာဖြစ်ပွားခဲ့တာ ဖြစ်တယ်လို့ ရုရှား ဖက်ဒရယ် လမ်းအသွားအလာ စစ်ဆေးမှု အေဂျင်စီက ပြောပါတယ်။

"ဒီ ဘတ်စ်ကား မတော်တဆမှုကြောင့် လူ ငါးဦး သေဆုံးခဲ့ပါတယ်၊ ၂၁ ယောက် ဒဏ်ရာရခဲ့ပါတယ်" လို့ အေဂျင်စီက တယ်လီဂရမ်မှာ ပြောပါတယ်။ ဒဏ်ရာရသူတွေအနက် နှစ်ဦးဟာ အသက်မပြည့်သေးတဲ့ ကလေးတွေ ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဒဏ်ရာရသူတွေထဲမှာ ဒဏ်ရာပြင်းထန်သူတွေလည်း ပါနေတယ်လို့ ဆိုပါတယ်။

ဘတ်စ်ကားဟာ ရထားလမ်း တံတားတစ်ခုအနီး တိုင်တစ်ခုကို ဝင်တိုက်ခဲ့မိတာဖြစ်နိုင်ကြောင်း အေဂျင်စီက ပြောပါတယ်။

အဆိုပါဖြစ်စဥ်ဟာ မော်စကိုမြို့ရဲ့ တောင်ဘက် ကီလိုမီတာ ၂၇၀ (မိုင် ၁၇၀) ခန့်အကွာ ဗိုစလီဘိုဗို ကျေးရွာအနီး အမြန်လမ်းတစ်ခုမှာဖြစ်ခဲ့တာဖြစ်ပါတယ်။

ဘတ်စ်ကားပေါ်မှာ ခရီးသည် ၄၉ ဦး လိုက်ပါလာခဲ့တာဖြစ်တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

ဖြစ်စဥ်နဲ့ပတ်သက်လို့ ယာဥ် စည်းကမ်း ချိုးဖောက်မှုတွေအတွက် အမှုဖွင့် ဆောင်ရွက်လျက်  ရှိကြောင်း ရဲတွေက ပြောခဲ့ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required