ပုလဲမြို့နယ် ကျေးရွာ ၂ ရွာမှ လူနေအိမ်တချို့ကို စစ်တပ်က မီးဝင်ရှို့၊ ပစ္စည်းများယူဆောင်သွား

ပုလဲမြို့နယ် ကျေးရွာ ၂ ရွာမှ လူနေအိမ်တချို့ကို စစ်တပ်က မီးဝင်ရှို့၊ ပစ္စည်းများယူဆောင်သွား

ဇန်နဝါရီ ၂

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ရှိ ဦးနှောက်ရွာနှင့် လက်ပုကန်ရွာသို့ ဒီဇင်ဘာလ ၃၁ ရက်တွင် စစ်ကောင်စီတပ်များရောက်ရှိပြီး နေအိမ်များကို မီးရှို့ကာ ပစ္စည်းများလည်း ယူသွားခဲ့ကြောင်း ဒေသခံ ပြောက်ကျားအဖွဲ့က ပြောသည်။

စစ်ကောင်စီတပ်သားများသည် ဦးနှောက်ရွာရှိ နေအိမ်နှစ်လုံးကို မီးရှို့ ဖျက်ဆီးခဲ့ပြီး လက်ပုကန်ရွာ ဒေသခံများ၏ နေအိမ်များမှ ရေခဲသေတ္တာ ၁၅လုံး၊ Air cooler (လေအေးပေးစက်) တစ်လုံး၊ အပ်ချုပ်စက် ရှစ်လုံး၊ ဆိုင်ကယ် သုံးစီးနှင့် အထက်တန်းကျောင်းသားများ၏ ကျောင်းသားကတ်အချို့ကိုပါကို ယူဆောင်သွားသည်ကြောင်း ဒေသခံတစ်ဦးပြောထားသည့် ရုပ်သံဖိုင် အရ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly