ဝက်လက်မြို့နယ်ရှိ ပျူစောထီးအဖွဲ့ဝင် ၄ ဦး ဒေသကာကွယ်ရေးတပ်ဖွဲ့ထံ အလင်းဝင်

ဝက်လက်မြို့နယ်ရှိ ပျူစောထီးအဖွဲ့ဝင် ၄ ဦး ဒေသကာကွယ်ရေးတပ်ဖွဲ့ထံ အလင်းဝင်

ဒီဇင်ဘာ ၃၁

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်ရှိ ကျေးရွာတစ်ရွာမှ ပျူစောထီးအဖွဲ့ဝင် လေးဦးသည် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့ ငါးဖွဲ့နှင့် ညှိုနှိုင်းတွေ့ဆုံပြီး ၎င်းတို့ ဆန္ဒအလျောက် အလင်းဝင်ခဲ့ကြောင်း ဒေသခံ ကာကွယ်ရေးတပ် တာဝန်ရှိသူ တစ်ဦးက ပြောသည်။

"အဓိက သူတို့ စစ်ကောင်စီ လက်အောက် အလုပ် မလုပ်တော့ဘဲ ရွာကို ဒုက္ခမပေးတော့ဘူး ကတိပေးကြတာပါ။ ဒီ နေ့လယ် ခံဝန်ကတိ ထိုးကြတယ်။ လက်နက်ဘာညာ ပါတာတော့ မရှိဘူး" ဟု ၎င်းက ယနေ့ ဒီဇင်ဘာ ၃၁ ရက်နေ့တွင် ပြောသည်။

ယခု ရက်ပိုင်းအတွင်း စစ်ကိုင်းတိုင်း အထက်ပိုင်းရှိ ပျူစောထီး အဖွဲ့ဝင်အချို့ မိုင်းထိ သေဆုံးမှုများ ရှိပြီး စစ်တပ်က မိုင်းရန်ကို ကြောက်သဖြင့် ၎င်းတို့သွားမည့် လမ်းကြောင်းတစ် လျှောက် ပျူစောထီး အဖွဲ့များအား ဦးစွာ စေလွှတ်မှုများရှိသည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly