ပုလောမြို့နယ်က နေအိမ်အချို့ကို စစ်ကောင်စီတပ်ဖွဲ့ ဝင်ရောက်ဖျက်ဆီး

ပုလောမြို့နယ်က နေအိမ်အချို့ကို စစ်ကောင်စီတပ်ဖွဲ့ ဝင်ရောက်ဖျက်ဆီး

​ဒီဇင်ဘာလ ၂၈ ရက်

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပဝတ်ကုန်းရွာအတွင်းရှိ နေအိမ်အချို့ကို စစ်ကောင်စီက အင်အား ၂၀ ကျော်ဖြင့် ဒီဇင်ဘာလ ၂၇ဘရက် ည ၈နာရီ ဝန်းကျင်တွင် ဝင်ရောက်ဖျက်ဆီးခဲ့ကြောင်း ဒေသခံများက ပြောသည်။ 

ပဝတ်ကုန်းရွာမှ ဦးဖိုးပျော်၊ ဦးကျော်ခိုင်နှင့် ကိုလှမိုးတို့ ၏နေအိမ် သုံးလုံးကို အကြောင်းမဲ့ ဝင်ရောက်ဖျက်ဆီးသွားခဲ့ခြင်းဖြစ်ကြောင်း ရွာခံများက ပြောသည်။ 

" ညတည်းက ရွာသားတွေ ပြေးနေရတယ် ။ အခုလည်း ပြေးနေရတယ်"ဟု ပဝတ်ကုန်းရွာသား တစ်ဦးက ပြောသည်။ 

ဒီဇင်ဘာလ ၂၆ရက် နှင့် ၂၇ ရက်နေ့တို့တွင် ပုလောမြို့နယ် ပဝတ်ကုန်းရွာနှင့် ကျောက်နိပ့်ရွာမှ စစ်ကောင်စီသတင်းပေးဟု နာမည်ကြီးနေသူ သုံးဦးကို PDF နှင့် PRDF တပ်ဖွဲ့တို့က ပစ်ခတ်ခဲ့ရာ သေဆုံးသွားကြောင်း ယင်းအဖွဲ့များ၏ အဖွဲ့ဝင်များထံမှ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required