တရုတ်နယ်စပ်အနီးတွင် ထောင်နှင့်ချီသော ကုန်တင်ကားများ ပိတ်မိနေ

တရုတ်နယ်စပ်အနီးတွင် ထောင်နှင့်ချီသော ကုန်တင်ကားများ ပိတ်မိနေ

နည်းပညာအခက်အခဲများနှင့် ကိုဗစ်-၁၉ အစီအမံများ တင်းကျပ်မှုကြောင့် ဗီယက်နမ် မြောက်ပိုင်း လန်စုံပြည်နယ်ရှိ တရုတ်နှင့် ဗီယက်နမ်နိုင်ငံနယ်စပ်ဂိတ်များတွင် ကုန်တင်ကားများ ထောင်နှင့်ချီ၍ ပိတ်မိနေခဲ့သည်။

တရုတ်နိုင်ငံအတွင်းသို့ ဝင်ရောက်ရန် တန်အန်ကားဂိတ်ဝင်ရောက်ရာ ဒီဇင်ဘာ ၁၆ရက် နံနက်တွင် ရာနှင့်ချီသော ကုန်တင်ကားများ တန်းစီစောင့်ဆိုင်းနေခဲ့ရသည်။

ဒီဇင်ဘာ ၁၆ရက်နံနက်အထိ ကုန်တင်ကားအစီးရေ ၄၅၅၀ တန်းစီနေခဲ့ကြောင်း ဒေသဆိုင်ရာ အချက်အလက် များက ဖော်ပြနေသည်။

တရုတ်အာဏာပိုင်များက ကိုဗစ်-၁၉ ဘေးကင်းရေးအစီအမံများကို တင်းကျပ်ထားခြင်းကြောင့် ဝင်ခွင့်ရရေး ကိစ္စများနှောင့်နှေးနေရခြင်း ဖြစ်သည်။

ယင်းတို့၏ ကွန်ရက်စနစ်တွင် နည်းပညာဆိုင်ရာ အခက်အခဲများကိုလည်း တင်ပြခဲ့ကြောင်း လန်စုံပြည်နယ်ရှိ ဒုံဒန်းစီးပွားရေးဇုန်၏ လက်ထောက်အကြီးအကဲ ဟုန်ခံဒေးက ပြောကြားခဲ့သည်။

ကွင်နန်နှင့် ချောင်ဘန်းအပါအဝင် အခြားသော ဒေသများတွင် အကောက်ခွန်ရှင်းလင်းရေး နှောင့်နှေးမှုများနှင့် လာကိုင်တွင် ပိတ်ဆို့မှုများကြောင့် ကုန်တင်ကားအများစုသည် လန်စုံပြည်နယ်အတွင်းသို့ ဝင်ရောက်လာခြင်းကြောင်းလည်း ပိတ်ဆို့ရခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

“အကောက်ခွန်ရှင်းလင်းရေးကိစ္စမြန်မြန်အောင်ရွက်နိုင်ဖို့ တရုတ်အာဏာပိုင်တွေနဲ့ ညှိနှိုင်းဖို့ အစွမ်းကုန် ကြိုးစားနေပါတယ်။”

အကောက်ခွန်ရှင်းလင်းရေးနှောင့်နှေးမှုမှာ နှစ်တိုင်း ဖြစ်တတ်သော်လည်း ယခုနှစ်တွင် ပိုမိုကြာရှည်သည်ဟု အဝေးပြေးယာဉ်မောင်း အတွေ့အကြုံ ၁၀ နှစ်ရှိ ယာဉ်မောင်း ငုယင်ဗန်တွိုင်က ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly