တရုတ်နိုင်ငံ ရှီအန်းမြို့ခံများက ကြွက်များကြောင့် ပလိပ်ရောဂါဖြစ်ပွားမည်ကို စိုးရိမ်နေ

By Vision Times
27 December 2021
တရုတ်နိုင်ငံ ရှီအန်းမြို့ခံများက ကြွက်များကြောင့် ပလိပ်ရောဂါဖြစ်ပွားမည်ကို စိုးရိမ်နေ

တရုတ်တွင် မတည်မငြိမ်ဖြစ်နေသော နှစ်ကုန်ကာလနှင့် ရင်ဆိုင်နေရသည်။ မကြာသေးမီက နိုင်ငံအနောက်မြောက် ပိုင်းရှန်စီပြည်နယ်တွင် hemorrhagic အဖျားရောဂါသည် ကိုဗစ်-၁၉ ဆက်လက်ပျံ့နှံ့နေ ခြင်းနှင့်အတူ ပေါ်ပေါက်လာခြင်းဖြစ်သည်။

ရှန်စီပြည်နယ်၏ မြို့တော်ဖြစ်သော ရှီအန်းမြို့တွင် hemorrhagic အဖျားရောဂါဖြစ်ပွားမှုနှင့် သေဆုံးမှုများ အကြောင်း သတင်းများထွက်ပေါ်ခဲ့သည်။

သတင်းများကို ဆင်ဆာဖြတ်တောက်ထားသော်လည်း အဆိုပါရောဂါသည် များပြား လှသောကြွက်များပြန့်ပွားမှု နှင့် တိုက်ရိုက်သက်ဆိုင်သည်ဟု ဒေသခံများက သံသယရှိကြပြီး လူများက ပလိပ်ရောဂါ ပြန်ဖြစ်နိုင်ချေကို စိုးရိမ်နေကြသည်။

နိုင်ငံပိုင် Xi'an News က မြို့တော်ရှိ ဆေးရုံများသည် ယခုနှစ် ဆောင်းရာသီအစကတည်းက hemorrhagic အဖျား ရောဂါ ဖြစ်ပွားမှု အများအပြားကို ဖော်ပြခဲ့သည်။

Hemorrhagic အဖျားရောဂါသည် အဓိကအားဖြင့် ကြွက်များ၊ အစင်းလယ်ကြွက် (Apodemus agrarius) နှင့် နော်ဝေးကြွက် (Rattus norvegicus) တို့မှ ကူးစက်သည်။

အကိုက်ခံရခြင်း သို့မဟုတ် သွေးနှင့်ထိတွေ့ခြင်း သို့မဟုတ် ဗိုင်းရပ်စ်ပိုးသယ်ဆောင်သည့် ကြွက်များ၏ အညစ်အကြေးများမှ ကူးစက်ခံရနိုင်ပြီး ရောဂါပြင်းထန်ပါက သေဆုံးသည်အထိဖြစ်နိုင်သည်။

အဆိုပါ အဖျားရောဂါ၏ အစောပိုင်းလက္ခဏာများသည် သာမန်တုပ်ကွေးနှင့် ဆင်တူသောကြောင့် လူနာများစွာသည် ယင်းကို သာမန်အအေးမိခြင်းနှင့် မှားယွင်းသွားနိုင်သည်။

ထို့ကြောင့် ရှီအန်ရောဂါထိန်းချုပ်ရေးစင်တာမှ ကျွမ်းကျင်သူများက hemorrhagic အဖျားရောဂါသည် လျင်မြန်စွာ စတင်နိုင်ပြီး အသက်ဆုံးရှုံးနိုင်သည့် ရောဂါဖြစ်သလို ဖျားနာနေသူများနှင့် အခြားရောဂါလက္ခဏာများရှိသူများကို ဆေးကုသမှုခံယူရန် တိုက်တွန်းထားသည်။

တာဝန်ရှိသူများက လူများကို hemorrhagic အဖျားရောဂါအကြောင်း အထူးသတိပေးခဲ့သော်လည်း လူနာများအကြောင်း အသေးစိတ်အချက်အလက်များကိုမူ ဖော်ပြခြင်းမရှိပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly