ဝီဂါလူမျိုး အငြိမ်းစားဝန်ထမ်းတစ်ဦး ရှင်ကျန်း အကျဉ်းထောင်တွင် သေဆုံး

ဝီဂါလူမျိုး အငြိမ်းစားဝန်ထမ်းတစ်ဦး ရှင်ကျန်း အကျဉ်းထောင်တွင် သေဆုံး

ဝီဂါမျိုးနွယ် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းတစ်ဦးသည် လွန်ခဲ့သည့်၃ နှစ်ကျော်အချိန်က ရဲတပ်ဖွဲ့၏ ဖမ်းဆီးခံခဲ့ရပြီး ယမန်နှစ် နှစ်ကုန်ပိုင်းတွင် အကျဉ်းစခန်း၌ သေဆုံးသွားခဲ့ကြောင်း အဝေးရောက် ဝီဂါ သတင်းရင်းမြစ်တစ်ခုမှ ပြောသည်။

အသက် ၇၈ နှစ်အရွယ် နီယက်နာဆာသည် တရုတ်နိုင်ငံအနောက်မြောက်ပိုင်း ရှင်ကျန်း ဝီဂါ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကက်ရှ်ဂါစီရင်စုရှိ တော့ကူဇက်ကောင်တီ အစိုးရစားနပ်ရိက္ခာဗျူရိုတွင် တာဝန် ထမ်းဆောင်ခဲ့သည်။ ၎င်းသေဆုံးမှုအတွက် ရှင်းလင်းချက်များ မပေးခဲ့သလို ချုပ်နှောင်ခံရသည့် အကြောင်းရင်းကိုလည်း ရှင်းရှင်းလင်းလင်း မသိရပေ။

နီယက်နာဆာ၏ ရုပ်အလောင်းအား ချက်ချင်းသဂြိုလ်ရန် အမိန့်နှင့်အတူ အာဏာပိုင်များက ၎င်း၏ မိသားစုထံ ပြန်လည်ပေးအပ်ခဲ့ကြောင်း အဝေးရောက်ဝီဂါတစ်ဦးကပြောသည်။

တရုတ်ကွန်မြူနစ်ပါတီဝင်များနှင့် နိုင်ငံ့ဝန်ထမ်းများဖြစ်ကြသည့် နီယက်၏ ကလေး ၃ ဦးသည် အားနည်းချည့်နဲ့နေသော ဖခင်ကို အွန်လိုင်းတွင် နီယက်မသေဆုံးမီ ၁ လအလို ၂၀၁၈ ခုနှစ်နှောင်းပိုင်းက တွေ့မြင်ပြီးနောက် တော့ကူဇက်ကောင်တီ အိုပယ်မြို့ရှိ အကျဉ်းစခန်းမှ ဖခင်အား အာမခံဖြင့် လွှတ်ပေးရန် တောင်းဆိုခဲ့သည်။

သို့သော် အာဏာပိုင်များက တောင်းဆိုမှုကို ငြင်းဆိုခဲ့ကြပြီး နီယက်သည် ကျန်းမာရေးကောင်းကြောင်းနှင့် အခြားသူများထက် အခြေအနေပိုကောင်းကြောင်း ပြောခဲ့သည်ဟု အမည်မဖော်လိုသူတစ်ဦးက ပြောသည်။

တော့ကူဇက်ကောင်တီတရားစီရင်ရေးဗျူရိုမှ တာဝန်ရှိသူတစ်ဦးကိုဆက်သွယ်မေးမြန်းခဲ့ရာ အကျဉ်းသားသေဆုံးမှုသတင်းကို မကြားခဲ့ရကြောင်း၊ဗျူရိုမှ တာဝန်ရှိသူများအား စခန်းအတွင်း သေဆုံးမှုများကို ပုံမှန်အသိပေးလေ့မရှိကြောင်းနှင့် နီယက်၏ သားသမီးများက ၎င်းတို့ဖခင်အား အာမခံဖြင့် လွှတ်ပေးရန် တောင်းဆိုမှုကိုလည်း မသိရှိကြောင်း ပြောသည်။

နီယက်တို့မိသားစုနေထိုင်သည့် တော့ကူဇက်ကောင်တီ ဘူလက်ဆူရွာမှ လုံခြုံရေးဒါရိုက်တာတစ်ယောက်က ပင်စင်စားတစ်ဦးဖြစ်သည့် နီယက်သည် ၂၀၁၈ ခုနှစ်တွင် ဖမ်းဆီးခံခဲ့ရကာ အကျဉ်းစခန်း၌ သေဆုံးခဲ့ကြောင်း RFA သို့‌ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly