လေးကေ့ကော်ဒေသတွင် စစ်ကောင်စီက လေကြောင်းအားပြု တိုက်ခိုက်လာ၍ ဒေသကာကွယ်ရေးတပ်များ မယ်ဝါးခီးစခန်းမှ ဆုတ်ပေးလိုက်ရ

လေးကေ့ကော်ဒေသတွင် စစ်ကောင်စီက လေကြောင်းအားပြု တိုက်ခိုက်လာ၍ ဒေသကာကွယ်ရေးတပ်များ မယ်ဝါးခီးစခန်းမှ ဆုတ်ပေးလိုက်ရ

ဒီဇင်ဘာလ ၂၅ ရက်

ကရင်ပြည်နယ်၊ လေးကေ့ကော်ဒေသတွင် စစ်ကောင်စီက ရဟတ်ယာဉ်များဖြင့် တိုက်ခိုက်နေ၍ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) များ မယ်ဝါးခီးစခန်းမှ ဆုတ်ခွာပေးလိုက်ရကြောင်း မြေပြင်သတင်းရင်းမြစ်များက ပြောသည်။ 

"စခန်းသိမ်းတာ မဟုတ်ဘူး။ ရွာထဲ ဗုံးတွေကျတော့ ဆုတ်ပေးလိုက်ရတာ" ဟု မယ်ဝါးခီး ဒေသခံ တစ်ဦးက ပြောသည်။ 

လေးကေ့ကော်မြို့ နှင့် မယ်ဝါးခီးဒေသကို စစ်ကောင်စီက လေယာဉ် ခြောက်စင်းဖြင့် ယနေ့ ဒီဇင်ဘာ ၂၅ ရက် နေ့လယ်ပိုင်းမှ စတင်ကာ လေကြောင်းမှ တိုက်ခိုက်ခြင်း၊ လက်နက်ကြီးဖြင့် တိုက်ခိုက်ခြင်းများ လုပ်ဆောင်နေသည်ဟု အဆိုပါနေရာအနီး  ရှိနေသူများက ပြောသည်။ 

လက်ရှိတွင် လေးကေ့ကော် ဒေသတစ်ဝိုက်တွင် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (KNDO)၊ ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော် (DKBA) နှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းအဖွဲ့များနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်နေခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required