မင်းတပ်မြို့ပေါ်တွင် CDF ပစ်ခတ်သဖြင့် စစ်ကောင်စီ ဗိုလ်ကြီး ၁ ဦးနှင့် ရဲ ၁ ဦးသေဆုံး၊ သေနတ် ၂ လက် သိမ်းဆည်းရမိ ဟုဆို

မင်းတပ်မြို့ပေါ်တွင် CDF ပစ်ခတ်သဖြင့် စစ်ကောင်စီ ဗိုလ်ကြီး ၁ ဦးနှင့် ရဲ ၁ ဦးသေဆုံး၊ သေနတ် ၂ လက် သိမ်းဆည်းရမိ ဟုဆို

ဒီဇင်ဘာလ ၂၅ ရက်

ချင်းပြည်နယ်၊ မင်းတပ်မြို့ပေါ်တွင် ယမန်နေ့ ဒီဇင်ဘာလ ၂၄ ရက် ညနေ ၅ နာရီဝန်းကျင်က CDF- မင်းတပ်က ပစ်ခတ်ခဲ့ရာ စစ်ကောင်စီ (၂၇၄) တပ်ရင်းမှ ဗိုလ်ကြီးတစ်ဦးနှင့် ရဲတစ်ဦး သေဆုံးခဲ့ပြီး ၎င်းတို့ ကိုင်ဆောင်သည့် သေနတ် နှစ်လက် သိမ်းဆည်းရမိကြောင်း CDF-မင်းတပ် ပြန်ကြားရေး တာဝန်ခံ ကိုယောမာန်က မဇ္ဈိမကို ပြောသည်။ 

"သူတို့နှစ်ယောက်က ဆိုင်ကယ်နဲ့ ကင်းလှည့်နေတာကို CDF ဘက်က ပစ်ခဲ့တာ ပွဲချင်းပြီးသေတယ်။ ဒီနေ့မနက်မှာ ကားတန်းရှည်နဲ့ အသုဘချတာတွေ့တယ်" ဟု၎င်းကပြောသည်။ 

ယမန်နေ့က မင်းတပ်မြို့ ပလိပ်ထွီရွာ အနီးတွင် ညနေ ၃ နာရီ ၄၅ မိနစ်မှ ၅ နာရီအထိ တိုက်ပွဲတစ်ကြိမ် ဖြစ်ပွားခဲ့ရာ နှစ်ဘက် အကျအဆုံး မရှိကြောင်း ကိုယောမာန်က ဆိုသည်။ 

ယနေ့ ဒီဇင်ဘာလ ၂၅ ရက်‌တွင် တိုက်ပွဲများ မရှိသော်လည်း စစ်ကောင်စီတပ်က ၄၀ မမ၊ ၆၀ မမ၊ RPG များဖြင့် မင်းတပ်မြို့ပေါ်သို့ ပစ်ခတ်နေကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly