လေးကေ့ကော်ဒေသ တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင် ခိုနားနေရသည့် UNITY IDP Camp ရှိ စစ်ဘေးရှောင် ပုံရိပ်များ

လေးကေ့ကော်ဒေသ တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင် ခိုနားနေရသည့် UNITY IDP Camp ရှိ စစ်ဘေးရှောင် ပုံရိပ်များ

ဒီဇင်ဘာ ၂၅

စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) တို့အကြား ဒီဇင်ဘာလ ၁၅ ရက်မှ စတင်ဖြစ်ပွားသော ကရင်ပြည်နယ် မြဝတီခရိုင် လေးကေ့ကော်ဒေသ တိုက်ပွဲများကြောင့် စစ်ဘေးရှောင်နေရသည့် ပြည်သူဦးရေ ၁၃,၀၀၀ ကျော် ရှိလာပြီ ဖြစ်သည်။

ယင်းဒေသရှိ UNITY IDP Camp တွင် စစ်ဘေးလာရှောင်သူ ဦးရေသည်ပင် အယောက် ၇၀၀ ကျော် ရှိနေပြီ ဖြစ်သည်။

စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ လေကြောင်းဖြင့် တိုက်ခိုက်ခြင်း တို့ကြောင့် လေးကေ့ကော်မြို့သစ်၊ မယ်ထော်သလေး၊ မေတ္တာအလင်းမြိုင်၊ မင်းလက်ပံ၊ ထီးမယ်ဝါးခီးနှင့် ဖလူးကြီး ကျေးရွာများမှ ဒေသခံများ ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင် နေကြရခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required