မုံရွာ၊ ဇန်နဝါရီ ၆ ။ ။ တမူးမြို့နယ်အတွင်းရှိ ရေနစ်မြုပ်ခဲ့ သော ကျေးရွာလေးရွာအား စတင် ပြောင်းရွှေ့နေပြီ ဖြစ်ကြောင်း တမူးမြို့နယ် ဒေသခံများက ပြောသည်။
တမူးမြို့နယ် အတွင်းရှိ မင်းသမီး၊ အလှော်၊ ပွတ်သာ၊ ကနန်၊ စသည့်ရွာလေးရွာသည် သြဂုတ်လက ရေဘေးသင့်မှု ခံစားခဲ့ရပြီး ကျေးရွာပြောင်းရွှေ့ရသည် အထိ ဖြစ်ပွားခဲ့သည်။
"ရေဘေးသင့်ရွာလေးရွာမှာ မင်းသမီးကျေးရွာကတော့ ရွံ့နွံတွေ ဖုံးလွှမ်းသွားတယ်။ အိန္ဒိယ မြန်မာ ချစ်ကြည်ရေးလမ်းနဲ့ သုံးမိုင်ခန့်ကွာဝေးတဲ့ ကုန်းမြင့်တွေပေါ်မှာ နေရာသစ် သတ်မှတ် ထားပါတယ်။ ရေဘေးသင့်ကျေးရွာတွေမှာ ပြန်လည် ထူထောင်ရေးလုပ်တာ ရာခိုင်နှုန်း တစ်ဝက်ကျော် ပြီးသွားပါပြီ။ ဇန်နဝါရီ လကုန်မှာ အပြီးဆောင်ရွက် သွားမှာပါ" ဟု တမူးမြို့နယ် ခမ်းပါတ်မြို့နယ်ခွဲ အုပ်ချုပ်ရေးမှူး ဦးစောချမ်းက ပြောသည်။
တမူးမြို့နယ်တွင် ရေကြီးရေလျှံမှုကြောင့် ကျေးရွာအုပ်စုပေါင်း ၁၅ ရွာခန့် ရေနစ်မြုပ်ခဲ့ပြီး ယင်းကျေးရွာ လေးရွာသည် အဆိုးရွားဆုံးဖြစ်ခဲ့ကြောင်း ရေဘေးကူညီရေးလုပ်ကိုင်ပေးသူ ဒေသခံ ဦးကျော်လွင်က ပြောသည်။
မင်းသမီးကျေးရွာမှ ရေနစ်မြုပ်ခဲ့သော အိမ်ခြေမျ ား ပြန်လည် တည်ဆောက်ရာတွင် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ အိမ်ခြေ ၂၀၀ခန့်ပြန်လည်ဆောက်လုပ်ပေးမည် ဖြစ်ကြောင်း ခမ်းပါတ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အလုပ်မှုဆောင်တစ်ဦးက ပြောသည်။