မြန်မာဘက်မှ တိုက်ပွဲများကြောင့် ထိုင်းရွာသားများကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေး

မြန်မာဘက်မှ တိုက်ပွဲများကြောင့် ထိုင်းရွာသားများကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေး
Photo - Thai Enquirer

ဒီဇင်ဘာလ ၂၄ ရက်

ထိုင်းနယ်စပ်နား ကရင်ပြည်နယ်တွင် မြန်မာစစ်တပ်က လေကြောင်းတိုက်ခိုက်မှုများ တိုး၍ ဆင်နွှဲနေခြင်းကြောင့် ဒီဇင်ဘာ ၂၃ရက် ညပိုင်းတွင် ထိုင်းလုံခြုံရေးတပ်များသည် ထိုင်းရွာသူရွာသားများကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးရသကဲ့သို့ မြန်မာဒုက္ခသည်များကိုလည်း ကူညီထောက်ပံ့ပေးရသည်။ 

ပြီးခဲ့သည့် သုံးရက်တာ၌ တိုက်ပွဲများ ယာယီရပ်စဲခဲ့သော်လည်း ထိုင်း-မြန်မာနယ်စပ်က မြန်မာစစ်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်များကြားက အခြေအနေသည် ပို၍ ဆိုးဝါးလာခဲ့သည်။ 

မြစ်ကိုကူးလျက် နယ်စပ်ဖြတ်လာကြသော အများစုအားဖြင့် အမျိုးသမီးနှင့် ကလေးများဖြစ်ကြသည့် မြန်မာဒုက္ခသည် ၂၂၃ ဦးအား တက်ခ်ပြည်နယ် မဲဆောက်ရှိ ယာယီခိုလှုံရေးစခန်းများသို့ ပို့ဆောင်ခဲ့ရသည်။ 

လေကြောင်းတိုက်ခိုက်မှု ပစ်မှတ်ဧရိယာနှင့် နီးကပ်သော အိမ်ရာများမှ ထိုင်းရွာသူရွာသားများအား ဘေးကင်းလုံခြုံရေးအတွက် မဲဆောက်ခရိုင်အလယ်ရှိ လုံခြုံစိတ်ချရသော နေရာသို့ ထိုင်းလုံခြုံရေးတပ်များက ဘေးလွတ်ရာ ရွှေ့ပြောင်းပေးထားသည်။ 

တိုက်ပွဲများကြား ရွာရှိ ပိုင်ဆိုင်မှုများကို စောင့်ကြပ်ရန် ရွာသားအုပ်စုတစ်စုက ကိုယ်ပိုင်ဆန္ဒဖြင့် နေခဲ့ကြသည်။ 

ထိုင်း-မြန်မာ နယ်စပ်တစ်လှောက် မဲဆောက်ဘက်ခြမ်းတွင် ဘေးအန္တရာယ်များသော နယ်မြေတစ်လွှား၌ ထိုင်းစစ်တပ်သည် နယ်စပ်လုံခြုံရေးကို ထပ်တိုးတင်းကြပ်ထားသည်။ 

နိုင်ငံတကာ စည်းမျဉ်းများအရ ဒဏ်ရာရ ဒုက္ခသည်များကို ဆေးဝါး ပြုစုကုလသရန် ဆေးကျန်းမာရေးအဖွဲ့များလည်း အဆင်သင့် ရှိနေသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required