Bresking News - လေးကေ့ကော်ဒေသကို စစ်ကောင်စီက တိုက်လေယာဉ် ၃ စီးဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်

Bresking News - လေးကေ့ကော်ဒေသကို စစ်ကောင်စီက တိုက်လေယာဉ် ၃ စီးဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်
(ပုံအဟောင်း)

ဒီဇင်ဘာလ ၂၄ ရက်

ကရင်ပြည်နယ်၊ မြဝတီမြို့၊ လေးကေ့ကော်ဒေသရှိ ရသေ့ဂူဖက်ကို ယနေ့ ဒီဇင်ဘာလ ၂၄ ရက်နေ့ ညနေ ၄ နာရီဝန်းကျင်တွင် အာဏာသိမ်းစစ်ကောင်စီက တိုက်လေယာဉ် သုံးစီးဖြင့် လာရောက်ပြီး ဗုံးသုံးလုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း မြေပြင်ရှိဒေသတွင်း သတင်းရင်းမြစ်က မဇ္ဈိမကို ပြောသည်။

“အခုလေယာဉ် လာကြဲသွားပြီ သုံးလုံး၊ ရသေ့ဂူဖက်ကို လာကြဲချသွားတာ” ဟု သတင်းရင်းမြစ်က မဇ္ဈိမကို ပြောသည်။

ယင်းအပြင် အာဏာသိမ်းစစ်ကောင်စီဘက်က လက်နက်ကြီးများဖြင့်ပါ တောက်လျှောက် ပစ်ခတ်နေကြောင်း သတင်းရင်းမြစ်များက အတည်ပြုသည်။ 

ယနေ့ဒီဇင်ဘာလ ၂၄ ရက်နေ့ နံနက်ပိုင်းအထိ နှစ်ဘက်ပစ်ခတ်တိုက်ပွဲဖြစ်ပွားခြင်း မရှိသေးသော်လည်း အာဏာသိမ်းစစ်ကောင်စီဘက် လက်နက်ကြီးများဖြင့် တောက်လျှောက်ပစ်ခတ်မှုများ ပြုလုပ်ခဲ့သည်။

လေးကေ့ကော်ဒေသကို ယမန်နေ့  ဒီဇင်ဘာလ ၂၃ ရက်နေ့ ည ၁၀ နာရီခွဲဝန်းကျင်အချိန်ကလည်း အာဏာသိမ်း စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးနှစ်လုံးကြဲချ တိုက်ခိုက်ခဲ့ပြီး ယခုဒုတိယအကြိမ် လေကြောင်းဖြင့် လာရောက်တိုက်ခိုက်နေခြင်းဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required