ပုလောတွင် သင်းအုပ်ဆရာနှင့် ၂ နှစ်အရွယ် ကလေးငယ် အပါအဝင် ၅ ဦး အဖမ်းခံရ

By ကိုရွှေမြိတ်
23 December 2021
ပုလောတွင် သင်းအုပ်ဆရာနှင့် ၂ နှစ်အရွယ် ကလေးငယ် အပါအဝင် ၅ ဦး အဖမ်းခံရ

ဒီဇင်ဘာ ၂၃

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ KNU ထိန်းချုပ် ဧရိယာ ဖြစ်သည့် လက်ပံပြင်ရွာတွင် ယမန်နေ့ မနက်ပိုင်းက စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး ခရစ်ယာန် သင်းအုပ်ဆရာ တစ်ဦးနှင့် နှစ်နှစ်သား အရွယ် ကလေးငယ် တစ်ဦး အပါအဝင် ဒေသခံ ငါးဦးကို ဖမ်းဆီး ခေါ်ဆောင်သွားကြာင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီ တပ်ဖွဲ့ဝင် အင်အား ၅၀ ဝန်းကျင်သည် ဒီဇင်ဘာလ ၂၂ ရက် နံနက် ၆ နာရီခန့်တွင် လက်ပံပြင်ရွာကို ရောက်ရှိလာပြီး အိမ်တစ်အိမ်တွင် သေနတ် တွေ့သည့်ဆိုသည့် အကြောင်းပြချက်ဖြင့် သင်းအုပ်ဆရာနှင့် သားဖြစ်သူကိုပါ ဖမ်းဆီးခဲ့သည်ဟု ရွာသားများ၏ ပြောဆိုချက်အရ သိရသည်။

ထို့အပြင် ကျေးရွာတွင်း သင်းအုပ်ဆရာ၏ တပည့်ဖြစ်သူ တစ်ဦးနှင့် KNU ၏ ကျေးရွာတာဝန်ခံ ဖြစ်သူကို မတွေ့၍ နှစ်နှစ်အရွယ် ကလေးငယ် တစ်ဦးနှင့်မိခင် ဖြစ်သူကို ဓားစာခံ အဖြစ် စစ်ကောင်စီက ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း ဆိုသည်။

ဒေသခံ ရွာသား တစ်ဦးက" ရွာထဲကို ဝင်လာပြီး လူတွေကို ဖမ်းတယ်၊ တချို့ အိမ်တွေမှာ ဆိုရင် ရွှေတွေနဲ့ ပိုက်ဆံတွေ လုယူသွားတယ်"ဟု ပြောဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly